|
ရွှေ့ပြောင်းအမျိုးသမီးများအဖွဲ့ ရေရှည်ရပ်တည်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကျင်းပ |
|
|
|
|
Saturday, 18 May 2013 00:00 |
|
မိုးသီတာပြည့်
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအမျိုးသမီးအုပ်စုနှင့် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)ရှိ အမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊
တကွာပါမြို့နယ်၊ ခိခတ်ကျေးရွာတွင် တည်ရှိသည့် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစုရပ်တွင် မေလ(၁၁) ရက်နေ့က ပြုလုပ် ကျင်းပခဲ့ကြောင်း
သိရှိရသည်။
|
|
Read more...
|
|
|
ကမ္ဘာ့အလုပ်သမားနေ့ ကျင်းပပြုလုပ် |
|
|
|
|
Sunday, 12 May 2013 00:00 |
|
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငဒေသအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)သည် ဖန်ငရွှေ့ပြောင်း အလုပ်သမားများ ကွန်ယက်အဖွဲ့၊ ဒေသဆိုင်ရာ NGO အဖွဲ့များ၊
အစိုးရဌာနများနှင့်ပူးပေါင်းကာ ကမ္ဘာ့အလုပ်သမားနေ့ကို ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ခေါင်လတ်ပင်လယ်ကမ်းခြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
“FED အနေနဲ့ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ထိုင်းအစိုးရအနေနဲ့ ဥပဒေပြဌာန်းထားတဲ့ အတိုင်း အကောင်အထည်ဖော်ပေးဖို့ တိုက်တွန်းပါတယ်။ ဥပမာ အနိမ့်ဆုံး လစာ တရက်
(၃၀၀)ဘတ်ကို အလုပ်သမားတိုင်း ရဖို့နဲ့ လူမှုဖူလုံရေးကို အလုပ်ရှင်တိုင်းက အာမခံပေးဖို့ဖြစ်ပါတယ်”ဟု FED ဒါရိုက်တာ ဒေါ်ပိုပိုက ပြောသည်။
|
|
Read more...
|
|
ထိုင်းနိုင်ငံဆိုင်ရာ ဂျပန် သံရုံးမှကူညီပေးသည့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ FED သို့ လွှဲအပ် |
|
|
|
|
Monday, 11 March 2013 00:00 |
|
မတ်လ ၁၀ ရက်။ မိုးသီတာပြည့်
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ဂျပန်နိုင်ငံမှ အဓိကထား ကူညီပေး နေသည့်
ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများအား ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း
FED အဖွဲ့ထံလွှဲပြောင်း ပေးအပ်လိုက်သည်။
ပေးအပ်ပွဲ အခမ်းအနားကို ဖန်ငခရိုင် သကွာပါမြို့နယ် ခေါက်လတ်ကျေးရွာရှိ (Khak Lak Seaview)
ဟိုတယ်၌ မတ်လ (၇) ရက်နေ့က ပြုလုပ်ခဲ့ရာ ထိုင်းနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီးက အဖွင့်
မိန့်ခွန်း ပြောကြားခဲ့ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ကျန်းမာရေးကဏ္ဍ
အရေးကြီး ကြောင်းပြောဆိုသည်။
|
|
Last Updated on Monday, 11 March 2013 17:08 |
|
Read more...
|
|
မဲခေါင် ဒေသရွှေ့ ပြောင်းအလုပ်သမားများကွန်ယက် နှီးနှောဖလှယ်ပွဲကျင်းပ |
|
|
|
|
Wednesday, 06 March 2013 00:00 |
|
မဲခေါင်ဒေသတွင်းမှ အလုပ်လုပ်ကိုင်နေကြသည့်ရွှေ့ ပြောင်းအလုပ်သမားအရေးနှီးနှောဖလှယ်ပွဲ တစ်ရပ်ကို
မဲခေါင်ဒေသရွှေ့  ပြောင်းအလုပ်သမားများကွန်ယက်မှ ကြီးမှုးပြီး၊ ထိုင်းနိုင်ငံဘန်ကောက်မြို့ 
IBIS Riverside Hotel ၌ ဖေဖေါ်ဝါရီ လ ( ၂၅)ရက်နေ့ မှ ( ၂၈) ရက်နေ့ အထိကျင်းပခဲ့သည်။
အဆိုပါနှီးနှောဖလှယ်ပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအလုပ်သမား ဒုတိယဝန်ကြီး ဦးမြင့်သိန်း
တက်ရောက်ပြီး ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား ရွှေ့  ပြောင်း
အလုပ်သမားများနှင့် ၎င်းတို့၏ အခြေအနေများကို ရှင်းပြခဲ့ပြီး မြန်မာအစိုးရ အနေဖြင့်
လုပ်ကိုင်ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
|
|
Read more...
|
|
ကရင်နီလူငယ်တစ်ဦး တောင်ကိုးရီးယားပညာသင်ဆုရရှိ |
|
|
|
|
Tuesday, 05 March 2013 00:00 |
|
ကယားပြည်နယ်၊ဒီမောဆိုမြို့နယ်၊ ဝါသောခိုကျေးရွာအုပ်စု လားလဲကျေးရွာ၊နေ ခူးဆယ်တရှား(ခေါ်) ကီးဒို
သည် တောင်ကိုးရီးယားနိုင်င်ငံ၊ ဂွန်ဂျူးမြို့အခြေစိုက် The May 18 Memorial Foundation မှ
ရွေးချယ်သည့် နိုင်ငံတကာ အလုပ်သင် သင်တန်းတက်ရောက်ရန် ရွေးချယ်ခြင်းခံခဲ့ရပြီး ( ၀၄၊ ၀၃၊ ၂၀၁၃ )
ရက်နေ့တွင် ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့သို့ ထွက်ခွာသွားခဲ့သည်။
|
|
Read more...
|
|
|
|
|
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
|
|
Page 1 of 115 |