နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 12 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

ပစ္စည်းခိုးသည့် ထိုင်းလူမျိုး ဆိုးသွမ်းလူငယ်များကို မြန်မာအလုပ်သမားများက ထိုင်းရဲနှင့် ပူးပေါင်းဖမ်းဆီး PDF Print E-mail
Tuesday, 07 September 2010 00:00

အလုပ်သွားနေသည့် မြန်မာအလုပ်သမားများ၏ နေအိမ်များကို သော့တုဖြင့် ၀င်ရောက်ပြီး ပစ္စည်းများ ခိုးယူလေ့ရှိသည့် ထိုင်းလူမျိုး ဆိုးသွမ်းလူငယ် (၃)ဦးအား မြန်မာအလုပ်သမားများက ထိုင်းနိုင်ငံ ရဲများနှင့် ပူးပေါင်း၍ ဖမ်းဆီးလိုက်သည်။

ယမန်နေ့ နေ့လည်ပိုင်းက အဆိုပါ လူငယ်များမှာ ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့၊ ထိုင်းယူနစ် ငါးပုဇွန် စက်ရုံအနီး၊  ရေသန့် အလုပ်ရုံ လမ်းကြားရှိ၊ မြန်မာအလုပ်သမားများ နေထိုင်သည့် နေအိမ်ခန်းများသို့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာခဲ့သည်။ ပြီးနောက် တခါးပိတ်ထားသော အခန်းနားသို့ ချဉ်းကပ်ကာ တံခါးမအား လှုပ်ခါဆွဲယမ်းနေသည်ကို ကိုနိုင်ဦးဆိုသူက မြင်တွေ့ရာမှ အခုလို ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

“ကျနော် ထိုင်ယူနစ် လုံငန်(စက်ရုံ)ရှေ့ က မုန်းဟင်းခါးဆိုင်မှာ ထိုင်နေတာပေါ့နော်။ ဆိုင်ကယ်နဲ့လာပြီး တံခါးကို ဆွဲလှုပ်တယ်။ ကျနော်က သူတို့ကိုကြည့်ပြီးတော့ မသင်္ကာဘူး။ ကျနော် အနီးအနားကရှိတဲ့ မြန်မာအလုပ်သမားတွေကို စောင့်ကြည့်ဖို့ ခေါ်တယ်။ လူစုတယ်။ ကင်းလှည့်နေတဲ့ ပုလိပ်နှစ်ယောက်ကို သွားခေါ်တယ်” ဟု ကိုနိုင်ဦးက ပြောပြသည်။

ထိုသို့ ရဲ(ပုလိပ်)ကို သွားခေါ်သည့် အချိန်နှင့် လူစုနေသည့် အချိန်တွင် ထိုင်းလူငယ်များက စက်ရုံရှေ့ရှိ (၃)ထပ်အဆောက်အဦးမှ အခန်းနံပတ် (B4)၏ တံခါးကို သော့တုဖြင့်ဖွင်ပြီး လက်ကိုင်ဖုန်း (၂)လုံး၊ လက်ပတ်နာရီ(၂)လုံး၊ ဘတ်ငွေ (၂၀၀၀)နှင့် TV ရီမုတ် ကွန်ထရိုးတစ်ခုအား ရှာဖွေယူဆောင်ခဲ့ကြသည်။

အခန်းပိုင်ရှင် မဦးက “တစ်ခန်းလုံး ရှုပ်ပွနေတာပဲ။ ရှာထားလိုက်တာ။ တွေ့တာတွေ ယူသွားတာပေါ့။ ကျမတို့က အလုပ်မှာလေ။ အရင်လည်း ဒီလိုယူသွားတာ ခံရတဲ့ အခန်းတွေရှိတယ်”ဟု ပြောပြသည်။

ကိုနိုင်ဦးက “သူတို့ကို လက်ပူး လက်ကြပ်ဖမ်းမိတယ်။ သူတို့လက်ထဲမှာ ရာဘဆေး အလုံး (၁၀၀)ကျော်နဲ့ ကောင်မလေးဆီမှာ သေနတ်အတိုတစ်လက် ပါတာပါ ဖမ်းမိတယ်”ဟု ပြောပြသည်။

ကိုနိုင်ဦးဆိုသူမှာ အောက်ပိုင်းသေနေပြီး ဂျိုင်းထောက်ဖြင့် သွားလာကာ လူမှုရေးလုပ်ငန်းများ အကူအညီ ပေးနေသူဟု သိရသည်။

ဖမ်းမိသည့် လူငယ်များမှာ ယောက်ျားလေး (၂)ဦးနှင့် မိန်းကလေး (၁)ဦးဖြစ်ပြီး အသက် (၂၀)၀န်ကျင်ခန့်များ ဖြစ်ကြသည်။