|
Who's Online
We have 8 guests online
Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။
|
|
တရားဝင် အလုပ်သမားများ ဖြစ်စေရန် ဆောင်ရွက်သင့်ကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးပြောဆို |
|
|
|
|
Saturday, 04 September 2010 00:00 |
|
ထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ်သမားများသည် တရားဝင် မှတ်ပုံတင်ထားသူများထက် ပိုများနေသောကြောင့် ထိုအလုပ်သမားများ နည်းသထက်နည်းအောင် ဆောင်ရွက်သင့်ကြောင်း အလုပ်သမားဝန်ကြီး နိုင်ချလွိင်ချိုင်းက အလုပ်အကိုင် ရှာဖွေရေးဌာန အကြီးအကဲ နိုင်စုန်ချိုင်းစုမ့်လတ်အား ပြောဆိုလိုက်ကြောင်း သိရသည်။
ဝန်ကြီးက “မှတ်ပုံတင် မရှိတဲ့သူတွေကို မှတ်ပုံတင်လုပ်ပေးပြီး တရားဝင် အလုပ်သမားများဖြစ်အောင် လုပ်သွားရမှာ ဖြစ်တယ်။ နောက်တပတ် ဝန်ကြီးများ အစည်းဝေးမှာ တင်ပြမယ်။ နောက်တစ်လအတွင်း အကောင်ထည် ဖော်သွားမှာ ဖြစ်တယ်။ ပြဿနာ အမျိုးမျိုးနဲ့ မလုပ်ပဲနေတဲ့ အလုပ်သမားတွေလည်း လုပ်ချင်လာမှာ ဖြစ်တယ်။ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့ ကိုယ်ကျိုးရှာနေတဲ့ ၀န်းထမ်းတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်”ဟု ပြောသည်။
အလုပ်အကိုင် ရှာဖွေရေးဌာန အကြီးအကဲ နိုင်စုမ်းချိုင်းစုမ့်လတ်က “လာမယ့် ၂၀၁၁ ခုနှစ်မှာ အစိုးရ ထောက်ပံ့တဲ့ ဘတ်ငွေ သန်း(၇၀၀)ကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းစဉ် အသုံးစရိတ်အဖြစ်နဲ့ သတ်မှတ် ပေးထားတယ်။ ဒါပေမယ့် လုပ်ငန်းတွေဟာ စနစ်တကျ တိုးတက်မှုရှိပြီး ပရမ်းပတာ မဖြစ်ဖို့ လိုတယ်”ဟု ပြောသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမားများ တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် ကိစ္စရပ်များကို မြန်မာအစိုးရနှင့် ဆွေးနွေးခဲ့ပြီးဖြစ်၍ လောနှင့် ကမ္ဘောဒီးယား နိုင်ငံတို့ဖြင့်လည်း အလားတူ ဆွေးသွားမည်ဖြစ်ကြောင်း သတင်းတွင် ရေးသားထားသည်။
ရွှေ့ပြောင်း အလုပ်သမားများအတွက် ယာယီပတ်စ်ပို့ လုပ်ကိုင်ပေးနေသည့် ကုမွဏီများအတွက်လည်း ထိခိုက်မှုမရှိစေရန် ဆောင်ရွက်သွားမည်ဟု စက်တင်ဘာ(၃)ရက်နေ့၊ ထိုင်းဘာသာဖြင့် ထုတ်ဝေသည့် ဒေလီနယူး သတင်းစာ၊ စာမျက်နှာ(၃)တွင် ဖော်ပြထားသည်။
Ref: Daily News |
|