|
Who's Online
We have 9 guests online
Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။
|
|
အသက် (၇၀)ကျော် အိမ်ရှင်အဖွားအိုကို သတ်ပြီး တိမ်းရှောင်နေသည့် အိမ်ဖော် အလုပ်သမားအား ဖမ်းမိ |
|
|
|
|
Tuesday, 31 August 2010 00:00 |
|
အသက် (၇၂)နှစ်အရွယ် ထိုင်းလူမျိုး အိမ်ရှင်အဖွားအိုအား သတ်ဖြတ်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် မြန်မာအိမ်ဖော် အလုပ်သမား မရီအား ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် သတင်းစာများတွင် ရေးသားဖော်ပြထားသည်။
အသက်(၂၃)နှစ် အရွယ်ရှိ မရီသည် ထိုင်း- မြန်မာနယ် စပ်ကန်ချနဘူရီခရိုင်၊ ဆိုင်ယိုမြို့၊ ထာ့စောင်ကျေးရွာ ချောင့်ခဲ့ရပ်ကွက် အိမ်အမှတ် (၁၂၂)၊ မူ (၁)တွင် ပုန်းအောင်း နေထိုင်နေစဉ် ထိုင်းနိုင်ငံ ရဲနှင့် လူဝင်မှု ကြီးကြပ်ရေး ဌာနတို့က သက်သေခံ ပစ္စည်းများနှင့်အတူ ယမန်နေ့၊ နံနက် (၁၁)နာရီခွဲတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
မရီသည် အသတ်ခံရသည့် အိမ်ရှင် အဖွားကြီး၏ အိမ်တွင် အိမ်ဖော်အဖြစ် ယခင်က (၁၁)လကြာ လုပ်ကိုင်ခဲ့ကြောင်း၊ ထို့နောက် အလုပ်မှ ထွက်ပြီး ၎င်း၏ ခင်ပွန်းဖြစ်သူ အသက် (၂၈)နှစ်အရွယ် မောင်သောင်းနှင့်အတူ ဘန်ကောက်မြို့နှင့် ကီလိုမီတာ (၁၀၀)ခန့် အကွာရှိသော လရှ်ဘူလီမြို့၊ အသားလုံးစက်ရုံတွင် သွားရောက် လုပ်ကိုင်ခဲ့ကြောင်း၊ လင်မယားနှစ်ဦး အတူတူ လုပ်ကိုင်ရင်း အဆင်မပြေသဖြင့် ခင်ပွန်းဖြစ်သူက မြန်မာပြည်သို့ ပြန်သွားခဲ့ကြောင်း၊ မရီသည် ယခင်က အိမ်ဖော်လုပ်ခဲ့ဖူးသော အိမ်သို့ပြန်လာပြီး တလလျှင် လစာငွေ (၄၅၀၀)ဖြင့် ပြန်လုပ်ခဲ့သည်မှာ (၄)ရက်သာ ရှိသေးကြောင်း ထွက်ဆိုခဲ့သည်။
သေဆုံးသူ အဖွားကြီးမှာ နေ့စဉ် အိပ်ဆေးနှစ်လုံး အမြဲစားရကြောင်း၊ အိပ်မောကျနေစဉ် မရီက ခြေ၊ လက်များကို ကြိုးဖြင့်တုပ်၍ သတ်ပြီး ရွှေဆွဲကြိုး (၁)ကျပ်သား၊ ရွှေဘုရားရုပ် အသေး တစ်ဆူ၊ ကျောက်လက်စွပ် (၂)ကွင်း ကျောက်နားကပ် (၁)စုံ၊ ရွှေလက်ကောက် တစ်ကွင်းနှင့် ဘတ်ငွေ (၁၀၄၅၀)ယူသွားကြောင်း၊ ပစ္စည်းအားလုံး၏ ကာလတန်ဘိုးမှာ တစ်သိန်းခန့်ရှိကြောင်း ကြီးကြပ်ရေး ရဲဌာနချုပ်မှ ရဲဗိုလ်ချုပ် စထန်ချိုင်ယားနွန်းက ပြောသည်။
ယခုလူသတ်မှုသည် မိန်းခလေးတစ်ယောက်ထဲ မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် မရီ၏ ယောင်္ကျားဖြစ်သူကို မင်္သကာ၍ လူဝင်မှု ကြီးကြပ်ရေးက စုံစမ်းရာ မြန်မာပြည်ထဲသို့ ပြန်ရောက်သွားပြီဖြစ်ကြောင်း ယမန်နေ့ထုတ် ဒေလီနယူးနှင့် ခေါင်စွတ် သတင်းစာတွင် ဖော်ပြထားသည်။
ယခင်သတင်း (အိမ်ဖော်က အိမ်ရှင်ကို သတ်ပြီး ထွက်ပြေးသည်ဟု ရဲများက စွတ်စွဲပြောဆို) |
|