နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 9 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအကြား အတွေ့အကြုံဖလှယ်သည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ PDF Print E-mail
Monday, 30 August 2010 00:00

0830aယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ မြန်မာရွှေ့ပြောင်း အလုပ်သမားများအကြား အတွေ့အကြုံ ဖလှယ်သည့် အလုပ်ရုံ ဆွေးနွေးပွဲတရပ်ကို ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်တက္ကသိုလ်ဝင်း အတွင်းရှိ၊ ချင်းရိုင်အစည်းအဝေး ခန်းမ၌ ယမန်နေ့က ကျင်းပခဲ့သည်။

ဆွေးနွေးပွဲသို့ ထိုင်းအစိုးရ ဋ္ဌာနများဖြစ်သည့် လူဝင်မှုကြီးကြပ်ရေး၊ ထိုင်နိုင်ငံ အလုပ်အကိုင် ရှာဖွေရေးဋ္ဌာန၊ အလုပ်သမား ကာကွယ်ရေးနှင့် လူမှုဝန်ထမ်းဋ္ဌာနမှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက် ပေးနေသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ယာယီနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသော မြန်မာရွှေ့ပြောင်း အလုပ်သမား (၁၀၀)ခန့်နှင့် အလုပ်သမားများအရေး စိတ်ဝင်စားသည့် တသီးပုဂ္ဂလများ တက်ရောက်ကြသည်။

ထိုင်းအစိုးရ အလုပ်အကိုင် ရှာဖွေရေးဋ္ဌာနမှ တာဝန်ရှိသူ မစ္စဖန်တီလာ ကရော့ဘန်လီယန်က ယာယီနိုင်ငံ ကူးလက်မှတ်၊ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ပြုလုပ်ရမည့် လုပ်ထုံးလုပ်နည်းများအပြင် အလုပ်သမားများ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ပတ်သက်ပြီး ပြောကြားရာတွင် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင် မှတ်ပုံတင်ထားသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား (၅)သောင်းကျော် ရှိသော်လည်း (၂၀၀၀) ကျော်သာ နိုင်ငံသား စီစစ်ရေးနှင့် ယာယီနိုင်ငံကူးလက်မှတ် လုပ်ထားသည်ကို တွေ့ရကြောင်း၊ အလုပ်သမားများအနေဖြင့် ၎င်းတို့မိသားစုများထံမှ အခွန်ကောက်ခံမှုကို ကြောက်ရွံ့ကြပြီး နည်းမျိုးစုံဖြင့် အနှောက်အယှက် ပေးခံရမည်ကို စိုးရိမ်သည့်အတွက် လိပ်စာအတိအကျနှင့် မိသားစုဝင်များ၏ အမည်များကို အတိအကျ မပြောခဲ့သည့်အတွက် အခုလို ကြန့်ကြာ နေခဲရသည်ဟုထင်ကြောင်း ပြောကြားခဲ့သည်။

ရှမ်းတိုင်းရင်းသား ရွှေ့ပြောင်းအလုပ်သမား တစ်ဦးဖြစ်သူ ကိုစိုင်းက မိမိတို့အနေဖြင့် မိသားစုအားလုံး ထိုင်းနိုင်ငံသို့ ပြောင်းလာပြီဖြစ်၍ မြန်မာပြည်တွင်လည်း နေစရာအတိအကျ မရှိတော့ကြောင်း၊ ထိုင်းနိုင်ငံ၏ အလုပ်သမား ဥပဒေအရ မိမိတို့အနေဖြင့် ထိုင်းနိုင်ငံတွင် အများဆုံး (၄)နှစ်သာ အလုပ်လုပ်ရမည်ဖြစ်ပြီး၊ (၄)နှစ်ပြီးပါက မြန်မာပြည်သို့ ပြန်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မည်သို့ပြန်ရမည်ကို မသိကြောင်း၊ မြန်မာပြည်တွင်း၌လည်း နေစရာ တိတိကျကျ မရှိသည့်အပြင် မှတ်ပုံတင်လည်း မရှိသည့်အတွက် ပြန်၍ရမည် မဟုတ်ကြောင်း ဆွေးနွေးခဲ့သည်။

အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အလုပ်သမားများမှ ၎င်းတို့အနေဖြင့် လက်ရှိတွေ့ကြုံနေရသည့် အခက်အခဲများကို တင်ပြခဲ့သည့်အပြင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် ထိုင်းအလုပ်သမား သမဂ္ဂများအတွင်း ဝင်၍ ရ၊ မရ။ (၁၀)နှစ် နေထိုင်ခွင့်လက်မှတ် ရထားသူများ အနေဖြင့် နိုင်ငံသား စီစစ်ရေးနှင့် Passport လုပ်၍ ရ၊မရ။ အလုပ်ရှင်များအား အလုပ်သမား အခွင့်အရေးနှင့် ပတ်သက်သည့် သင်တန်းများကို အစိုးရအနေဖြင့် ပေး၊ မပေး။ အလုပ်သမား အခွင့်အရေး ချိုးဖေါက် ခံရပါက မည်သို့ တိုင်းကြားရမည် စသည်တို့ကို မေးမြန်ခဲ့သည်။

အလုပ်သမား ကာကွယ်ရေးနှင့် လူမှုဝန်ထမ်းဋ္ဌာနမှ မစ္စဘန်ကျန်ဝန်က အလုပ်သမား အခွင့်အရေး၊ အလုပ်ခွင် အန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အလုပ်သမားများ၏ အကျိုးခံစားခွင့်နှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းပြခဲ့သည်။

အလုပ်သမား အခွင့်အရေး ကာကွယ်ရေး၊ လူမှုဖူလုံရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် အလုပ်သမားများ စုငွေများထားရှိမှု ပြုလုပ်ရာ၌ အလုပ်သမားများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် အလုပ်မှ ထွက်သွားပါက ၎င်းတို့၏ စုဆောင်းထားငွေကို (၇)ရက်အတွင်း ပြန်ပေးရမှာဖြစ်ပြီး၊ အလုပ်ချိန်မှာ ထိုင်းအလုပ်သမား ဥပဒေအရ တရက်ကို အလုပ်ချိန် (၈)နာရီသာ လုပ်ရမည်ဖြစ်ကြောင်း၊ အနည်းဆုံး တစ်ရက်ကို အနားယူချိန် (၁) နာရီ၊ တစ်ပတ်လျင် (၁)ရက် အနားပေးရမည် ဖြစ်ကြောင်း၊ တစ်နှစ်လျှင် အနည်းဆုံး (၁၃)ရက်မှာ အများပြည်သူ နားရက်ရှိရမည်ဖြစ်ပြီး၊ အနည်းဆုံး (၆)ရက်မှာ အားလပ်ရက် ဖြစ်ရမည်ဟု ပြောကြားခဲ့သည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသည့်  အလုပ်သမား အမျိုးသမီး တစ်ဦးကလည်း “အနှိပ်ခန်း၊ စားသောက်ဆိုင်၊ ဘားတွင် လုပ်ရသော အလုပ်သမားများအနေဖြင့် နားရက်မရသည့်အပြင် အလုပ်နောက်ကျပါက နာရီ၊ မိနစ်အလိုက် လုပ်အားခ ဖြတ်တောက်ခြင်း ခံရသည်”ဟု ပြောသည်။

ချင်းမိုင်ခရိုင်တွင် မြန်မာရွှေ့ပြောင် အလုပ်သမား (၅၀၀၀၀) တရားဝင် မှတ်ပုံတင်ထားသော်လည်း (၂၀၀၀)ကျော်ခန့်သာ ယာယီမှတ်ပုံတင်နှင့် နိုင်ငံသားစီစစ်ရေးကို လုပ်ကိုင်ခဲ့ပြီးဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။