နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 9 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

နိုင်ငံသားစီစစ်ရေး လုပ်ငန်းစဉ်အပေါ် ထိုင်းအစိုး၏ စီမံခန့်ခွဲမှု သဘောထားအား ဆွေးနွေး PDF Print E-mail
Thursday, 26 August 2010 00:00

0826aလူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများက ထိုင်းနိုင်ငံ၊ အလုပ်သမား ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပညာရှင်များအား ဖိတ်ခေါ်ပြီး ရွှေ့ပြောင်းအလုပ်သမားများ၏ နိုင်ငံသားစီစစ်မှုနှင့် လုပ်ငန်းစီမံခန့်ခွဲမှု သဘောထားများနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတရပ်ကို ယမန်နေ့က ကျင်းပခဲ့ကြသည်။

ထိုင်းနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး၏ ကိုယ်စားလှယ်၊ ရွှေ့ပြောင်းအလုပ်သမား အရေးဆိုင်ရာ ကျွမ်းကျင်သူ အခူရတ်ခွန်ဂျရပ်နှင့် ထိုင်းရှေ့နေများကောင်စီ အပါအ၀င် အလုပ်သမားရေးရာ ကျွမ်းကျင်ပညာရှင်များနှင့် အလုပ်သမားများ အားမခံ ကော်ပိုရေးရှင်းတို့က လာရောက် ဖြေကြားခဲ့ကြသည်။

ထို့နောက် ထိုင်းအလုပ်သမား သမဂ္ဂများဆိုင်ရာ အတွင်းရေးမှူး ဆာဝိကရောဝန်က “ထိုင်းနိုင်ငံဟာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အမြဲတမ်းကော်မတီဝင် နိုင်ငံဖြစ်တယ်။ ဒီလို အသိအမှတ်ပြုထားတာဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ နိုင်ငံအဖြစ် အသိအမှတ်ပြုလို့ ဖြစ်တယ်။ အခု ထိုင်းအစိုးရက ဗမာ အလုပ်သမားတွေအပေါ် လူ့အခွင့်အရေး ချိုးဖေါက်နေတာဟာ အထူးစိုးရိမ်စရာ ဖြစ်ပါတယ်။ ကုလသမဂ္ဂက ဒီမကောင်းတဲ့ သတင်း အချက်အလက်တွေကို သိသွားရင် ကျနော်တို့တိုင်းပြည်မှာ ရှိနေတဲ့ ဂုဏ်သိက္ခာတွေ မြောင်းထဲ ရောက်သွားပါမယ်။ ထိုင်းနိုင်ငံကို အဲဒီလို လူ့အခွင့်အရေး ချိုးဖေါက်တဲ့ နိုင်ငံစာရင်းကို သွင်းချင်နေကြပြီလားလို့ အစိုးရနဲ့ ၀န်ထမ်းတွေကို မေးချင်တယ်။ ထိုင်းနိုင်ငံမှာ အလုပ်သမားတွေကို အခွင့်အရေး ချိုးဖေါက်နေတယ်လို့ ထိုင်းပစ္စည်းတွေကို တင်သွင်းနေကြတဲ့ နိုင်ငံတွေက သိသွားပြီးတော့ ထိုင်းကုန်ပစ္စည်းတွေကို လက်မခံပဲ သပိတ်မှောက်လိုက်ရင် တိုင်းပြည် စီးပွားရေးအတွက် စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်”ဟု ပြောဆိုသွားသည်။

အခမ်းအနားကို ဦးဆောင်ကျင်းပသည့် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HRDF)မှ အတွင်းရေးမှူး စုန်ချိုင်ဟုန်လော့က “သတင်းသမားတွေဟာ ပြည်သူတွေကို အမှန်အတိုင်း သတင်း အချက်အလက်တွေကို ပေးသင့်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က မဟာချိုင်မှာ ငွေထုတ်စက် ATMပုံးတွေမှာ ဗမာစာနဲ့ လုပ်လို့ရတယ်။ ပြီးတော့ မြန်မာအလုပ်သမာတွေ တည်ထောင်ထားတဲ့ စာကြည့်တိုက်တွေမှာ မြန်မာစာနဲ့ ရေးထားတာတွေ၊ မြန်မာ အသုံးအဆောင်တွေ ရောင်းချတဲ့ ဆိုင်တွေမှာ မြန်မာလို ရေးထားတာတွေ၊ ဟိုနားဒီနား သွားတဲ့လူတွေ အပေါ်အင်္ကျီမ၀တ်ပဲ ပုဆိုးဝတ်ပြီး သွားတာတွေကို ရေးကြီးခွင်ကျယ် ဓါတ်ပုံတွေ ရိုက်ပြီးတော့ မဟာချိုင်ကို ဗမာတွေ သိမ်းထားပြီဆိုပြီး မက်စေ့ခ်ျ ပေးထားတာဟာ မလုပ်သင့်တဲ့ လုပ်ရပ်လို့ ကျနော်မြင်ပါတယ်။ ကဲဒါဆို အခြားနေရာတွေမှာ တရုတ်လို ရေးထားလို့ တရုတ်သိမ်းပြီလို့ ဘာလို့ မရေးတာလည်း၊ အင်္ဂလိပ်လို ရေးထားတဲ့ နေရာကို အင်္ဂလိပ်တွေ သိမ်းပြီးလို့ ဘာလို့ မရေးတာလဲ၊ ဘာဖြစ်လို့ မြန်မာတွေအပေါ် ဖိနှိပ်ချင်ရတာလဲ၊ ဘာကြောင့် ဒီလိုလုပ်ရတာလဲ”ဟု မေးခွန်းထုတ်သွားသည်။

ထိုင်းနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး၏ ကိုယ်စားလှယ် အခူရတ်ခွန်ဂျရပ်က “နှစ်ပေါင်း(၂၀)လောက် အမြစ်တွယ်နေတဲ့ ခြစားမှုတွေအောက်မှာ အခုတင်ပြကြတဲ့ အချက်အလက်တွေကို ချက်ခြင်းပြောင်းလဲဖို့ ခက်ပါတယ်။ ထိုင်းအစိုးရ အနေနဲ့လည်း အလုပ်သမားတွေနဲ့ ပတ်သက်ပြီး အကောင်းဆုံး ဘယ်လိုသတ်မှတ်မလဲ၊ လုပ်ပေးနိုင်မလဲလို့ စဉ်းစားနေပါတယ်။ အောက်ခြေမှာ မတရား ဖြစ်ပျက်နေတာတွေ၊ ခြစားမှု၊ အဂတိလိုက်စားမှုတွေ၊ မတရားမှုတွေ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို သိနေပါတယ်။ ဒါပေမယ့် ချက်ခြင်း ပြုပြင်ပြောင်လဲဖို့ ခက်ပါတယ်။ အစိုးရ၊ ၀န်ထမ်းနဲ့ ပြည်သူတွေ အပါအ၀င် အခု ကြွရောက်လာတဲ့ အဖွဲ့အစည်းတွေပါ ပူးပေါင်း လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ထိုင်းလူမျိုးတွေ ဟိုတုန်းကနဲ့စာရင် မြန်မာအလုပ်သမားတွေအပေါ် ထားတဲ့သဘောထားတွေ အရင်ကထက်စာရင် ကောင်းလာတယ်လို့ ကျနော်မြင်တယ်။ အတိုင်းအတာတစ်ခုအထိ နားလည်လာကြပြီလို့ ကျနော်ယုံကြည်ပါတယ်။ ဘယ်နေရာမှာမဆို ခြောက်ပြစ်ကင်း ဆိုတာတော့ ရှိမယ်မထင်ပါဘူး။ ဒါပေမယ့် အကောင်းဆုံးဖြစ်အောင်တော့ လုပ်ကြရပါမယ်”ဟု ပြောဆိုသွားသည်။

နိုင်ငံခြား NGO တစ်ခုမှ နိုင်ငံခြားသားတစ်ဦးက “ထိုင်နိုင်ငံအတွင်း နေ့စဉ် အနည်းဆုံး လူ (၁၀၀၀)ဖမ်းဆီတယ်။ လူတစ်ယောက်ကို အနည်းဆုံး ဘတ် (၃၀၀၀)စီ တောင်းယူတယ်။ နည်းတဲ့ငွေလားဗျာ၊ အခု မဟာချိုင်မှာ နေ့တိုင်း ဖမ်းနေတယ်။ အလုပ်သမားတွေကို ငွေထွက်တဲ့ တွင်းတွေအဖြစ် ထိုင်းပုလိပ်တွေနဲ့ ထိုင်းလမ်းသရဲတွေ မှတ်ထားကြတယ်။ ဒီကြားထဲ အသတ်ခံရ၊ မုဒိမ်းကျင့်ခံရတာ ရှိသေးတယ်။ အလုပ်ကြမ်း လာလုပ်ကြတဲ့ မြန်မာအလုပ်သမားတွေအပေါ် အလွန်ရက်စက်ကြပါတယ်။ ဒီအကျင့်ဆိုးတွေကို ဖျောက်ပစ်ဖို့ ကျနော်တို့ တိုက်တွန်းချင်ပါတယ်”ဟု ပြောသည်။

ထိုင်းနိုင်ငံအတွင်းသို့ နေ့စဉ် လူထောင်ချီပြီး ၀င်ရောက်နေကြောင်း၊ လူတစ်ဦးကို အနည်းဆုံး ဘတ်ငွေ တစ်သောင်းခွဲ ပေါက်ဈေးရှိသဖြင့် အဆိုပါငွေကြေး လည်ပတ်မှုမှာ ခြစားမှုကို အထူးအားပေးနေကြောင်း အစည်းအဝေး တက်ရောက်လာသည့် အဖွဲ့အစည်းများက ထောက်ပြပြောဆိုကြသည်။

အခမ်းအနားကို ဦးဆောင်ကျင်းပသည့် HRDF မှ ကိုစိန်ဌေးက “ဒီဖက်မှာ အစိုးရကို ကျနော်တို့ တင်ပြနေသလိုပဲ၊ မြန်မာအလုပ်သမားတွေကို ကျနော်ပြောချင်တာက ကိုယ်လုပ်တဲ့ အလုပ်ကို သိဖို့၊ ကိုယ်နေတဲ့ နေရာကို သိဖို့၊ ကိုယ့်အနီး ပတ်ဝန်းကျင်က အဖွဲ့အစည်းတွေကို သိအောင်လုပ်ထားဖို့ ပြောချင်ပါတယ်။ ဘာကြောင့် ဒါကိုပြောရသလဲဆိုရင် ပြဿနာ တစ်ခုတက်လာရင် ကိုယ့်အလုပ်ကိုမသိ ကိုယ်နေတဲ့ နေရာကိုမသိ၊ အခြေခံ ဒီကိစ္စကစပြီး ကျနော်တို့ လုပ်နေရရင် အချိန်ကုန်တာပေါ့ဗျာ။ ကိုယ့်တာဝန် ကိုယ်သိကြဖို့ လိုတယ်လို့ ပြောချင်ပါတယ်”ဟု အကြံပြုသွားသည်။

ဘန်ကောက်အခြေစိုက် ဖွဲ့စည်းထားသည့် ထိုင်နိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်းကမူ “ယာယီပတ်စ်ပို့ မတိုင်ခင် ၂၀၀၉ခုနှစ်က လုပ်ခဲ့သည့် ပန်ရောင်ဘတ်ကို ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် (၈)လသာ ခွင့်ပြုခဲ့သော်လည်း ထိုင်းအစိုးရက တစ်နှစ်စာအပြည့် ငွေယူလိုက်သဖြင့် မြန်မာအလုပ်သမား (၃)သိန်းလုပ်လျှင် အလုပ်သမား တစ်သိန်းဖို့ ထိုင်းအစိုးရ မတရား ယူလိုက်ကြောင်း၊ ယခုနှစ် နိုင်ငံအစိုးရတို့က လုပ်သင့်လုပ်ထိုက်၍ လုပ်သည်ဆိုသော ယာယီပတ်စ်ပို့ ကိစ္စကိုလည်း ကြားခံ ကုမ္ပဏီများကို မျက်နှာလွဲ လုပ်ခိုင်းလိုက်သဖြင့် ပွဲစားအမျိုးမျိုးတို့၏ လိမ်လည် လှည့်ဖြားမှုကို မြန်မာအလုပ်သမားများ ခံနေရကြောင်း၊ ငွေကြေးကုန်ကျမှု အထူးများကြောင်း တင်ပြခဲ့သည်။ ထို့အပြင် ယာယီပတ်စ်ပို့လုပ်ပြီး၊ work permit လုပ်ငန်း၊ သက်တမ်းတိုး၊ စသည့် လုပ်ငန်းစဉ် အားလုံးတို့တွင် ပွဲစားများဖြင့် လုပ်နေရသဖြင့် အလုပ်သမားများမှာ ငွေကြေးကုန်ကျမှုများကြောင်း၊ အထူးသဖြင့် တရားဝင် လုပ်ကိုင်ထားသည့် မြန်မာ အလုပ်သမားများအား တရားဥပဒေ၏ အကာအကွယ်ကို မှန်မှန်ကန်ကန် ရရှိစေရန် ထိုင်းအစိုးရမှ တာဝန်ယူ ပေးစေလိုကြောင်း” တင်ပြခဲ့သည်။

အခန်းအနားကို ဘန်ကောက်မြို့၊ မြောက်ဘက် ကီလိုမီတာ(၅၀)ခန့် အကွာတွင်ရှိသည့် ထိုင်းအစိုးရ ရုံးချုပ်များ ရုံးစိုက်ရာ နေရာရှိ ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ အစည်းဝေးခန်းမတွင် နံနက် (၈)နာရီမှ ညနေ (၄)နာရီအထိ ကျင်းပခဲ့ကြသည်။ သတင်းစာ ရှင်းလင်းပွဲကို ရှေ့ဦးစွာပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာန အဖွဲ့အစည်းများ၊ ထိုင်းရှေ့နေများကောင်စီ၊ ILO၊ IRC၊ ထိုင်းလူ့အခွင့်အရေး အဖွဲ့အစည်းများ၊ ထိုင်း-မြန်မာ အလုပ်သမား အဖွဲ့အစည်းများ၊ NGOများနှင့် ချင်မိုင်၊ မဟာချိုင်တို့မှ အလုပ်သမားများ အပါအ၀င် စုစုပေါင်း အင်အားတစ်ရာကျော်ခန့် တက်ရောက်ခဲ့ကြသည်။