နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 8 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

ထိုင်းနိုင်ငံ မိဘုရားကြီး မွေးနေ့အထိမ်းအမှတ် ရွှေ့ပြောင်းအလုပ်သမားများ၏ ဘော်လုံးပြိုင်ပွဲများ ပြီးဆုံး PDF Print E-mail
Sunday, 22 August 2010 00:00

0824aသက်တော် (၇၈)နှစ်ပြည့် ထိုင်းနိုင်ငံ မိဘုရားကြီး မွေးနေ့အထိမ်အမှတ် ရွှေ့ပြောင်းအလုပ်သမားများ၏ ဘော်လုံးပြိုင်ပွဲများ ယခုလ (၂၁)ရက်နေ့က ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

ဘော်လုံးပြိုင်ပွဲကို ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငဒေသ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)က ဦးဆောင်ပြီး ဆူနာမီဒဏ်ခံခဲ့ရသည့် ဘန့်နန်မခင်း ကျေးရွာ ဘော်လုံးကွင်းတွင် ပြုလုပ်ပေးခဲ့သည်။ ဖန်ငဒေသအတွင်းရှိ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများနှင့် စုဖွဲ့ထားသည့် ဘော်လုံးအသင်း (၁၂)သင်း ပါဝင်ခဲ့ပြီး ထိုင်းလူမျိုး တချို့လည်း မြန်မာအသင်းများနှင့် ပူးပေါင်းကာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

ဖွင့်ပွဲနှင့် အုပ်စုပတ်လည် ပြိုင်ပွဲများကို မိဘုရားကြီး မွေးနေ့ဖြစ်သည့် ယခုလ (၁၂)ရက်နေ့က စတင်ခဲ့ပြီး ဗိုလ်လုပွဲ၊ တတိယ နေရာလုပွဲနှင့် ဆုပေးပွဲများကို ယခုလ (၂၁)ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ထို့အပြင် ဒေသခံ ထိုင်းလူမျိုးများနှင့် ချစ်ခင်ရင်းနှီးမှု ရစေရန်အတွက် ထိုင်းနှင့် မြန်မာလူမျိုး ချစ်ကြည်ရေး အသက်ကြီး ဘော်လုံးပြိုင်ပွဲကိုလည်း ဗိုလ်လုပွဲ မတိုင်မီ ပြုလုပ်ခဲ့သည်။

FED မှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ဗိုလ်လုပွဲ မကစားမီ အမှာစကား ပြောကြားရာတွင် “ထိုင်းဘုရင် မင်းမြတ်ကြီးနဲ့ မိဘုရားကြီးတို့ရဲ့ ကျေးဇူးတွေကို အမှတ်ရနေစေဖို့၊ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာအလုပ်သမားတွေ အချင်းချင်း ရင်းနှီးမှုရစေဖို့၊ အားကစားတွေ လုပ်ခြင်းအားဖြင့် မူးယစ်ဆေးဝါး သုံးစွဲမှုတွေ လျော့ချနိုင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ပေးတာဖြစ်တယ်။ ဘော်လုံးကစားနည်းဟာ ခွန်အားစိုက်ထုတ်ပြီး ပင်ပင်ပန်းပန်း ကစားရတာဖြစ်လို့ တဦးနဲ့တဦး မတော်တဆ ထိခိုက်မိရင်လည်း ရန်မဖြစ်ပဲ သီးခံပြီး ကစားကြပါလို့ တိုက်တွန်း ချင်ပါတယ်”ဟု ပြောသည်။

0824c

ဗိုလ်လုပွဲတွင် တကွန်ပါအသင်းနှင့် ဘန်ဆပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တကွန်ပါအသင်းမှ (၄းဝ) မရှိဖြင့် အနိုင်ရရှိသွားသည်။ တကွန်ပါ အသင်းသည် FED ကပြုလုပ်သည့် ၂၀၀၉ ခုနှစ် ထိုင်းဘုရင်မင်းမြတ် မွေးနေ့အထိမ်းအမှတ် ဘော်လုံးပြိုင်ပွဲတွင်လည်း အနိုင်ရ ဗိုလ်ဆွဲခဲ့သည့် အသင်းဖြစ်သည်။

ဘော်လုံးပွဲ လာကြည့်သည့် ဘန့်နမ်မခင်းရွာမှ ငါးဖမ်းအလုပ်သမား ကိုစိုးက “ဒီနေ့လာကြည့်တာ လူတွေအများကြီးပဲ။ ကျနော်ဒီရွာမှာ နေတာ ဒီလို စနစ်တကျနဲ့ မြန်မာတွေရဲ့ ဘော်လုံးပွဲ မကြည့်ဖူးဘူး။ ပရိတ်သတ်တွေ အားပေးပုံက စနစ်တကျနဲ့ တကယ်ကို ပျော်စရာ ကောင်းပါတယ်။ တဖက်အသင်းနဲ့ တဖက် နောက်ကြ ပြောင်ကြပေမယ့် စိတ်မဆိုးကြဘူး။ အိုစည် ဒိုးပတ်တွေလည်း ပါကြသေးတယ်” ဟုပြောပြသည်။

နောက်ဆုံးဗိုလ်လုပွဲကို ပရိတ်သတ် နှစ်ထောင်ခန့် လာရောက်အားပေးခဲ့ကြသည်ဟု သိရသည်။

ဆိုင်ရောင်းသည့် အမျိုးသမီး တဦးကလည်း “ကျမယောက်ျား ကန်တဲ့အသင်းကို လာအားပေးတာ။ သူတို့အသင်း ဒုတိယ ရတယ်။ ၀မ်းသာတယ်။ သူတို့အသင်းက ဒီနှစ်မှ ၀င်ပြိုင်ကြတာ။ နောက်နှစ်တွေလည်း ၀င်ပြိုင်ဦးမယ် ပြောနေတယ်။ ကျမတို့လို အလုပ်သမားတွေ ဒီလို ပျော်ပျော်ရွှင်ရွှင် အော်ဟစ်အားပေးခွင့်ရတာ ပျော်တာပေါ့” ဟုပြောပြသည်။

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများ ဖွံ့ဖြိုးရေးအတွက် အားကစားပြိုင်ပွဲများကို အလျဉ်းသင့်သလို့ ကျင်းပပေးလျှက်ရှိသည်။ အထူးသဖြင့် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်မွေးနေ့၊ မိဘုရားကြီးမွေးနေ့နှင့် လွယ်ကထုံ နေ့များအပါအ၀င် အဓိကကျသည့် အထိမ်းအမှတ်နေ့များတွင် ဘော်လုံးပြိုင်ပွဲများ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲများနှင့် ကျောင်းသား အားကစား ပြိုင်ပွဲများကို ကျင်းပပေးလျှက်ရှိသည်။

0824b

 

0824d

 

0824e

 

0824f