|
Who's Online
We have 9 guests online
Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။
|
|
အိမ်ဖော်က အိမ်ရှင်ကို သတ်ပြီး ထွက်ပြေးသည်ဟု ရဲများက စွတ်စွဲပြောဆို |
|
|
|
|
Sunday, 22 August 2010 00:00 |
|
အသက် (၇၂)နှစ်အရွယ်ရှိ ထိုင်းလူမျိုး အဖွားကြီးတဦး ခြေနှင့် လက်များကို ကြိုးတုပ်ခံရပြီး အသက်ရှုမွန်းကြပ်မှုဖြင့် သေဆုံးနေရခြင်းမှာ မြန်မာ အိမ်ဖော်အလုပ်သမား မရီ၏ လက်ချက် ဖြစ်နိုင်ကြောင်း ယမန်နေ့ ညနေပိုင်းထုတ် ထိုင်းသတင်းစာများတွင် ရေးသားထားသည်။
လူသတ်မှုဖြင့် စွတ်စွဲခံထားရသည့် အသက်(၂၃)နှစ်အရွယ်ရှိ မရီသည် ဘန်ကောက်မြို့၊ ဖနခေါနယ်မြေ၊ ဘူဖာအဖိလုမ်းရပ်ကွက်၊ ကျလွန်ကုန်လမ်း၊ ၃ထပ်၊ အိမ်အမှတ် ၂၁ /၄တွင် နေထိုင်သော အသက် (၇၂)နှစ်အရွယ် မာလီဆိုသည့် အဖွားကြီးအား လုပ်ကြံပြီး ပစ္စည်းတချို့ လုယူထွက်ပြေးသွားကြောင်း ဖလချဝမ် ရဲစခန်း တာဝန်ရှိသူများက ပြောသည်။
အဖွားကြီးမှာ (၂၁)ရက်နေ့ နံနက်ပိုင်းက သေဆုံးနေခဲ့ပြီး ရဲများမရောက်မီ (၆)နာရီခန့် အကွာက သေဆုံးနေခြင်း ဖြစ်ကြောင်း ရေးသားထားသည်။
သေဆုံးနေသည့် အလောင်းတွင် ရိုက်နှက်ထုထောင်းထားသည့် ဒဏ်ရာများ မရှိသဖြင့် အသက်ရှုမွန်းကြပ် သေဆုံးခြင်း ဖြစ်နိုင်ကြောင်း ထိုင်းနိုင်ငံထုတ် ခေါင်လတ်၊ INNနှင့် ထိုင်းရပ်သတင်းစာ (၃)စောင်က ခန့်မှန်း ရေးသားထားသည်။
ထိုင်းနိုင်ငံတွင် အိမ်ဖော်လုပ်ငန်းများကို မြန်မာအလုပ်သမား အမျိုးသမီးအများအပြားက လုပ်ကိုင်လျှက်ရှိရာ တချို့ အိမ်ရှင် ထိုင်းလူမျိုးများသည် အိမ်ဖော် အလုပ်သမားများအား သေနတ်ဖြင့် ပစ်သတ်ခြင်း၊ လည်ပင်း ညှစ်သတ်ခြင်း၊ အဆိပ်ခပ်သတ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ လုပ်အားခ မပေးပဲထားခြင်းနှင့် အဓ္ဓမပြုကျင့်ခြင်းများ ရှိသည်ဟု သိရသည်။ ထို့အတူ အချို့အိမ်ဖော် အလုပ်သမားများကလည်း အိမ်ရှင်၏ ပစ္စည်းများကို ခိုးယူ ထွက်ပြေးခြင်း၊ သတ်ဖြတ်ပြီး ထွက်ပြေးခြင်းများ ရှိသည်ဟု ကြားသိရသည်။ |
|