နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 44 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

ယာယီပတ်စ်ပို့ လုပ်သည့် ဂေါ်ရခါးလူမျိုးများ ငွေပိုပေးရ PDF Print E-mail
Friday, 20 August 2010 00:00

temp_passportမြန်မာဝန်ထမ်းများကို ပေးရန်ဟုဆိုပြီး ယာယီပတ်စ်ပို့ လုပ်ပေးသည့် ကုမ္ပဏီများက မြန်မာနိုင်ငံသား ဂေါ်ရခါး လူမျိုးများထံမှ ငွေကြေးပိုမို တောင်းခံနေကြောင်း သိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖူခက်မြို့၊ အမှတ် ၇၄ (၂၃၇/၈) ဖွန်ဖွန်လမ်း၊ ဖွန်ဖွန်နိုက်ဘဇားအနီးတွင် ဖွင့်လှစ်ထားသည့်  ဖွန်ဖွန်ကုမ္ပဏီက ရနောင်းမြို့ရှိ ယာယီပတ်စ်ပို့ရုံးမှ မြန်မာဝန်ထမ်းများကို ပေးရမည်ဟုဆိုပြီး ဂေါ်ရခါး လူမျိုးတဦးလျှင် ပုံမှန်ကုန်ကျငွေထက် ဘတ်ငွေ (၃၀၀)မှ (၅၀၀)အထိ တောင်းခံနေခြင်း ဖြစ်သည်ဟု ဂေါ်ရခါး လူမျိုးတဦးက ပြောပြသည်။

“ကျနော်တို့မှာ မြန်မာနိုင်ငံသား အသိမှတ်ပြု မှတ်ပုံတင်ရှိတဲ့ လူတွေပါ။ သိတဲ့အတိုင်းပဲလေ ဒီယာယီပတ်စ်ပို့ အလုပ်က ဗမာပြည် နေရပ်လိပ်စာ အပြည့်အစုံမပေးရင် လုပ်လို့မှမရတာ။ ကျနော်တို့တော့ ဘတ်(၃၀၀)ပေးရတယ်။ တချို့ဆို ဘတ်(၅၀၀)ပေးရတယ်။ ကျနော်တို့လည်း စကားနည်းရန်စဲ လုပ်လို့ရရင်ပြီးရော၊ ပေးလိုက်တာပဲ”ဟု ပြောသည်။

ဖူးခက်မြို့တွင် နင်ပါလီ (ခေါ်) ဂေါ်ရခါးလူမျိုး စုစုပေါင်း (၈၀၀၀)ခန့် ရှိနိုင်ကြောင်းနှင့် ကုမ္ပဏီများနှင့် ယာယီပတ်စ်ပို့ လုပ်လျှင် တစ်ဦးကို ဘတ်ငွေ (၆၈၀၀)နှင့် (၇၀၀၀)အတွင်း ကုန်ကျကြောင်း ဈေးရောင်းသည့် ဂေါ်ရခါး လူမျိုးတဦးက ပြောပြသည်။

ထိုသို့ ငွေပိုပေးရခြင်းမှာ မြန်မာနိုင်ငံသား တရုတ်နှင့် ကုလားလူမျိုးများသာ ဖြစ်ပြီး တခြားလူမျိုးများ မပါဝင်ကြောင်း သိရသည်။

ဂေါ်ရခါး လူငယ်တဦးက “သွားခါနီးမှ ပေးရတာပါ။ ဒီကပတ်စ်ပို့ လုပ်ပေးတဲ့ ကုမ္ပဏီရုံးမှာ ပေးရတာပါ။ ရုံးကပြောတယ် ရနောင်းမှာ လုပ်တဲ့ နေရာမှာ ဗမာလ၀ကတွေ ရစ်နေရင်ကြာမယ်။ အခြားလူတေ ငြိုငြင်မယ် ဆိုပြီး ဒီက တစ်ခါတည်း တောင်းယူသွားတာပါ။ မှတ်ပုံတင်ရှိရှိ၊ မရှိရှိ တောင်းတာပဲ။ ကျနော်တို့ ကိုင်ဆောင်တဲ့ မြန်မာမှတ်ပုံတင်မှာ နိုင်ငံသား အမျိုးအစားမှာ မြန်မာလို့ ရေးထားတာပါ။ ပေးရတာပဲဗျာ။ အခု နင်ပါလီလူမျိုး (၅၀၀)ကျော်လောက် လုပ်ပြီးပြီ နောက်မလုပ်ရသေးတဲ့ နင်ပါလီလူမျိုး ဒီမှာ ထောင်ပေါင်းများစွာ ကျန်သေးတယ်။ ပေးရအုံးမှာပဲ”ဟု ပြောပြသည်။

ဖူးခက်မြို့တွင် ယာယီပတ်စ်ပို့ လုပ်ရန်အတွက် ထိုင်းမြန်မာ ပူးပေါင်းဆောင်ရွက်ရေးကုမ္ပဏီ၊ မြန်မာနိုင်ငံသား စီစစ်ခြင်း ကူညီဆောင်ရွက်ရေးစင်တာ၊ ထိုင်းမြန်မာ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ၊ ဖိနောင်အိမ် ကုမ္ပဏီနှင့် ဖွန်ဖွန်ကုမ္ပဏီတို့ ဖွင့်လှစ်ထားသည်ဟု သိရသည်။