|
Who's Online
We have 13 guests online
Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။
|
|
ထိုင်း မြန်မာ ချစ်ကြည်ရေးတံတား မကြာမီ ဖွင့်လှစ်မည် |
|
|
|
|
Thursday, 19 August 2010 00:00 |
|
ထိုင်းနှင့် မြန်မာနိုင်ငံ နယ်စပ် ချစ်ကြည်ရေး တံတားအား မကြာမီရက်ပိုင်းအတွင်း ဖွင့်လှစ်တော့မည်ဟု တာ့ခရိုင် ဒုမြို့နယ်မှူး နိုင်ဝတ်စစ်ထိစူလရှ်က ယမန်နေ့က ပြောဆိုလိုက်ကြောင်း ထိုင်းဘာသဖြင့် ထုတ်ဝေသည့်INN အွန်လိုင်း သတင်းစာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။
မြန်မာဘက်မှ လူသိများထင်ရှားသည့် ကုန်သည်ကြီးတစ်ဦးအပါအ၀င် မြန်မာစစ်အစိုးရ ကုန်သွယ်ရေးဆိုင်ရာ လူကြီးများနှင့် တွေ့ဆုံးခဲ့ပြီးဖြစ်၍ လာမည့် တရက်၊ နှစ်ရက်အတွင်း တံတားအား ပြန်လည် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သတင်းတွင် ရေးသားထားသည်။
ထိုင်းနိုင်ငံ ဘက်ကမ်း ရေကမ်းပါးထိမ်း နံရံတည်ဆောက်ခဲ့ခြင်းကြောင့် မြန်မာ စစ်အစိုးရက နှစ်နိုင်ငံ ကုန်သွယ်ရေး တံတားကို ပြီးခဲ့သည့် ဇူလိုင်လ (၁၇)ရက်နေ့မှ စတင်ပြီး ပိတ်ခဲ့သည်ဟု သိရသည်။
ထိုသို တံတား ပိတ်လိုက်ခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းခဲ့ရပြီး ထိုင်းနိုင်ငံဘက်မှ တစ်နေလျှင် ဘတ်ငွေ သန်းတစ်ရာ ၀န်းကျင်ခန့် နစ်နာဆုံးရှုံးခဲ့ရသည်။ ထို့အပြင် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းကို မှီခိုနေရသည့် မြန်မာ အလုပ်သမားများမှာလည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဘိုးမှာ တစ်လလျှင် ဘတ်ငွေ ဆယ်ဂဏန်း (ကျပ်သန်း၃၀၀)ခန့်သာ ရှိသော်လည်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ ဘတ်သန်း ၁၀၀၀ (ကျပ်သန်း ၃၀၀,၀၀၀)ခန့် ရှိကြောင်း သိရှိရသည်။ |
|