နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 46 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

လိင်ဖျော်ဖြေရေး လုပ်ငန်းမှ မြန်မာမိန်ကလေး သုံးဦးအား ထိုင်းအထူးရဲတပ်ဖွဲ့က ကယ်တင် PDF Print E-mail
Wednesday, 18 August 2010 00:00

လိင်ဖျော်ဖြေရေး လုပ်ငန်းတွင် လုပ်ကိုင်နေရသည့် မြန်မာအမျိုးသမီးငယ် (၃)ဦးအား ထိုင်းနိုင်ငံ အထူးရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ကြောင်း ယမန်နေ့ထုတ် ထိုင်းရပ် သတင်းစာအရ သိရသည်။

အဆိုပါ မိန်းကလေးများမှာ မလေးရှားနိုင်ငံတွင် လိင်လုပ်ငန်းအတွက် ရောင်းစား မခံရမီ ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနိုင်ငံနှင့် နယ်စပ်ဖြစ်သည့် ဆုံခလာခရိုင်၊ စဒေါင်မြို့၊ အမှတ်(၇)ရပ်ကွက်ရှိ Chalala ကာရာအိုကေဆိုင်တွင် လိင်ဖျော်ဖြေရေး လုပ်ကိုင်နေရစဉ် ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

Chalala ကာရာအိုကေ ဆိုင်ပိုင်ရှင်မှာ အသက် (၃၀)နှစ်အရွယ် မလေးရှားနိုင်ငံသား နိုင်အာကျန်(ခေါ်) TEY BOON TIONG ဖြစ်ပြီး တိုင်းခရိုင် နယ်မြေအမှတ်(၉)မှ ရဲဗိုလ်ချုပ် ထမန်နွန် ပယွန်းရုန်းနှင့် အဖွဲ့က ၀င်ရောက် ဖမ်းဆီးခဲ့ရာတွင် ပြန်လည်၍ အပြင်းအထန် ခုခံခဲ့သည်ဟုလည်း သိရသည်။

ရဲဗိုလ်ချုပ်က “ဆုန်ခလာခရိုင် နာထ၀ီ တရားရုံးက ဖမ်းဝရမ်းယူပြီး ဖမ်းဆီးခဲ့တာပါ။ အသက်(၂၀)အရွယ် သင်းသင်းစန်းနဲ့ တခြား မြန်မာမလေး နှစ်ယောက်ပါ။ အခု သူတို့ကို မိသားစုတွေလက်ထဲ ပြန်အပ်လိုက်ပါပြီ။ ဆိုင်ပိုင်ရှင်ကို ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားပါမယ်”ဟု ပြောပြသည်။

မိန်းကလေးများအား  စစ်ဆေးရာတွင် ကာရာအိုကေဆိုင်သို့ ရောက်ရှိလာသော ဧည့်သည်များအား ဧည့်ခံသည့်ပုံစံ စနစ်မကျလျှင် ရိုက်နှက် ကြိမ်းမောင်းကြောင်း၊ အခန်းတွင် ပိတ်လှောင်ထားကြောင်းနှင့် ထိုဆိုင်မှ အတွေ့အကြုံ ရရှိပြီးပါက မလေးရှားနိုင်ငံသို့ ရောင်းချခံရမည်ဟု သိရကြောင်း ထွက်ဆိုကြသည်။