နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 6 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

ထိုင်းနိုင်ငံ၊ မဟာချိုင်နယ်မြေတွင် ပထမဦးဆုံးအကြိမ် ကရင်ရိုးရာ လက်ချည်ပွဲတော်ကျင်းပ PDF Print E-mail
Monday, 16 August 2010 00:00

kayanကရင်ရိုးရာ လက်ချည်ပွဲတော်ကို  ဘန်ကောက်မြို့အနီး မဟာချိုင်နယ်မြေရှိ၊ မူစီ၊ ထစိုင်၊ KL အလုပ်ရုံတွင် ပထမဦးဆုံး အကြိမ်အဖြစ် ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

အလုပ်ရုံရှိ မိသားများက စုပေါင်း၍၊ ဖူးရိုင် ဓမ္မာရုံနှင့် မြို့နယ် အားကစားကွင်းတွင် ပြုလုပ်ခဲ့ပြီး ပွဲတော်သို့ မြိုင်ကြီးငူ ဆရာတော် အသျှင် ဦးသုဇန ကြွရောက်တော်မူပြီး နံနက်(၆)နာရီတွင် သီလပေးကာ ပရိတ်တရားတော်များ ဟောကြားခဲ့သည်။

ပွဲတော်ဖြစ်မြောက်ရေး ဦးဆောင်စီစဉ်ခဲ့သူ တဦးဖြစ်သည့် ကိုလှခိုင်က “ဆရာတော်က လက်ချီပွဲကို ဖွင့်လှစ်ပေးခဲ့ပြီးတော့ ပြန်ကြွသွားတယ်။ ကျန်တဲ့လူတွေက လက်ချည်ပွဲကို ဆက်လက်ကျင်းပကြတာပေါ့နော်။ နေ့လည် (၁၁)နာရီမှာ လက်ချည်ပွဲ ပြီးပါတယ်။ အဲဒီနောက် ဒုံးယိမ်းတွေကကြ၊ ကရင်သီချင်းတွေဆိုကြနဲ့ တော်တော်ပျော်ဖို့ ကောင်းပါတယ်” ဟုပြောသည်။

ပွဲတော်သို့ ဒေသတွင်းရှိ ကရင်တိုင်းရင်းသားများ အပါအ၀င် ရွှေ့ပြောင်းအလုပ်သမားများ တထောင်ကျော် တက်ရောက်ခဲ့ကြပြီး ကရင်ရိုးရာ မုန့်တီဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။

ကရင်ဒုံးယိမ်းအက ဆရာမ ဒေါ်မလှဝင်းက “ဒီမဟာချိုင်မှာ စည်းစည်းလုံးလုံးနဲ့ ပထမဦးဆုံး ကျင်းပခွင့်ရတာပါ။ အလွန်ဝမ်းသာပါတယ်။ ကျေးဇူးလည်း အထူးတင်ပါတယ်။ ကျမတို့လည်း ပျော်တယ်။ ကလေးတွေလည်း ပျော်တယ်။ ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ပွဲပါ။ ကျေနပ်တယ်ရှင့်”ဟု ပြောသည်။

ပွဲတော်သို့ လာသည့် ကရင်လူငယ်(၁၅)ဦးခန့် စီးလာသောကားအား ထိုင်းရဲများက ဖမ်းဆီးပြီး ဘတ်ငွေ နှစ်သောင်း တောင်းခံခဲ့ရာ ဦးဆောင်ကျင်းပသည့် ကိုလှခိုင်နှင့် ထိုင်းရွာလူကြီးတို့ တောင်းပန်မှုကြောင်း ငွေမပေးရပဲ လူငယ်များ ပြန်လည် လွတ်မြောက်ခဲ့သည်ဟု သိရသည်။

ကရင်ခေါင်းဆောင် ဦးသာကတိုးက “သူကြီးနဲ့ တိုင်ပင်ပြီး လုပ်ကြတာပါ။ ကရင်လူငယ်တွေ တစ်စုတစ်စည်း တွေ့ခွင့်ရတာ အထူးဝမ်းသာစရာပဲ။ အဖိုးအဖွားတွေ လက်ထက်ကတည်းက ဒီလရောက်တိုင်း လက်ချည်ပေးတယ်လေ။ ဘိုးဘွား အမွေကို ဆက်ခံတဲ့ သဘောပါ”ဟု ပြောသည်။

အသက် (၇၄)နှစ်အရွယ် ကရင်အဖွားအို တစ်ဦးက “အရင်ငါးနှစ် ခြောက်နှစ်လောက်က ထင်တယ် ဘန်ကောက်က အုန်းနွဲ့မှာ လက်ချည်ပွဲ ကျင်းပတော့ လူတွေအများကြီး ထိုင်းပုလိပ်တွေ ဖမ်းပစ်လိုက်တယ်။ အဲဒီကတည်းက မကျင်းပ ကြတော့ဘူး။ အခုမှ ပြန်ပြီး ဒီမှာလုပ်နိုင်ကြတယ်။ ၀မ်းလည်း ၀မ်းသာတာပေါ့။ ကရင့်ထုံးစံအတိုင်း ကလေးငယ်တွေ သရဲ သစ္ဆေတွေ ခြောက်လို့ လိပ်ပြာလွင့်သွားရင် ပြန်ခေါ်ဖို့ပေါ့။ အမှန်က ၀ါခေါင်လပြည့်နေမှာ ကျင်းပလေ့ရှိပေမယ့် ဒီမှာ အခြေအနေပေးတဲ့ ရက်တွေမှာ လုပ်ရတာပေါ့လေ” ဟု ပြောပြသည်။

ကရင်ထုံးတမ်း စဉ်လာအရ အညွှန့် မြှင့်တင်ခြင်းဖြစ်ကြောင်း၊ ၀ါခေါင်လတွင် ကျင်းပလေ့ရှိကြောင်းနှင့် ကရင် လူမျိုးများရှိသည့် နေရာတိုင်းတွင် ကျင်းပကြောင်း သိရသည်။