နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 15 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

ပုဇွန်ကန် အလုပ်သမားတဦး ရေဒလက်တွင် ကပ်ငြိသေဆုံး PDF Print E-mail
Wednesday, 11 August 2010 00:00

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ တကွန်ပါမြို့နယ်၊ ခေါ့ခွတ်ခေါင်ကျွန်းရှိ ပုဇွန်ကန်တခုတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားတဦး ရေဒလက်တွင် ငြိပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှ အသက် (၃၁)နှစ်အရွယ် ကိုအောင်ခိုင်ဆိုသူဖြစ်ပြီး ထိုင်နိုင်ငံသို့ ရောက်ရှိသည်မှာ (၄)လခန့်သာ ရှိသေသည်ဟု သိရသည်။

ယမန်နေ့ မနက်အစောပိုင်း၊ မိုးမလင်းခင်အချိန်က ရေကန်အတွင်း အောက်ဆီဂျင်ရရှိရန် လည်ပတ်နေသော ရေဒလက်၌ ငြိပြီး သေဆုံးခဲ့သည်ဟု နာရေးအတွက် ကူညီလုပ်ကိုင် ပေးနေသော အလုပ်သမားတစ်ဦးက ပြောပြသည်။

“ရေနစ်ပြီး သေနေတာပေါ့ သန်းခေါင်ကျော် (၃)နာရီလောက်ကတည်းက သေနေတယ်လို့ ယူဆကြတယ်။ သူဌေးက ကောင်းတဲ့ သူဌေးဆိုပြီး နာမည်ကျော်တဲ့ သူပါ။ နာရေးအတွက် အစစအရာရာ ကူညီပေးပါတယ်။ သေဆုံးမှုအတွက်တော့ ဘာလုပ်ပေးမလဲ မသိသေးဘူးပေါ့နော်”ဟု ပြောသည်။

အလောင်းကို ခေါ့ခွတ်ခေါင် ကျွန်းအနီးရှိ ဘန့်နမ်မခင်း ဘုန်းတော်ကြီးကျောင်းတွင် ထားရှိထားပြီး နက်ဖြန်တွင် သဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။