|
Who's Online
We have 16 guests online
Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။
|
|
ထိုင်းနိုင်ငံ Kasikorn Bank ၏ ATM စက်တွင် မြန်မာစာဖြင့် အသုံးပြုနိုင် |
|
|
|
|
Wednesday, 11 August 2010 00:00 |
|
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး၊ မဟာချိုင်နယ်မြေရှိ kasikorn Bank မှ ATM စက်များတွင် မြန်မာစာ အသုံးပြု၍ ငွေးသွင်း၊ ငွေထုတ် ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
မဟာချိုင်နယ်မြေတွင် မြန်မာအလုပ်သမား အများစု နေထိုင်ခြင်းကြောင့် အဆိုပါဘဏ်က အခုလို ၀န်ဆောင်မှုပေးခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ ရပ်ကွက်တခုလျှင် အနည်းဆုံး မြန်မာအလုပ်သမား တစ်ထောင်မှ တစ်သောင်းအထိ နေထိုင် အလုပ်လုပ်ကိုင် နေကြောင်း ထိုင်းရပ် သတင်းစာတွင် ရေးသားထားသည်။
စတုရန်း ကီလိုမီတာ (၈၇၂) ရှိသည့် မဟာချိုင် နယ်မြေတွင် စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီပေါင်း (၆၃၂၀)ရှိသည်ဟု သိရသည်။
အဆိုပါဘဏ်တွင် မြန်မာဘာသာဖြင့် သုံးရလွယ်ကူအောင် ပြင်ဆင်ပေးထားသည်မှာ (၆)လခန့် ကြာမြင့်ခဲ့ပြီး ဖြစ်ကြောင်း နယ်မြေခံ မြန်မာအလုပ်သမား တချို့က ပြောပြကြသည်။ |
|