နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 10 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

အပြည်ပြည်ဆိုင်ရာ လူမျိုးစုများနေ့ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ကျင်းပ PDF Print E-mail
Tuesday, 10 August 2010 00:00

world_indi_dayအပြည်ပြည်ဆိုင်ရာ လူမျိုးစုများနေ့ ပွဲတော်ကို ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်ရှိ NGOs အဖွဲအစည်းများက ဦးဆောင်ပြီး တကွန်ပါမြို့နယ်၊ ဆန်ဆောင် လူထုစုဝေးရေး ခန်းမတွင် ယမန်နေ့က ကျင်းပခဲ့သည်။

အခမ်းအနားကို နယ်မြေခံ ဒုတိယ စည်ပင်သာယာရေးမှူးက ဖွင့်လှစ်ပေးခဲ့ပြီး ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဌာနေ တိုင်းရင်းသားများ၊ ဒေသခံ ထိုင်းလူမျိုးများ၊ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများနှင့် မြန်မာနိုင်ငံမှ တိုင်းရင်းသားများ တက်ရောက်ခဲ့ကြသည်။

ပူးပေါင်း ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်း တခုဖြစ်သော ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)မှ ဒါရိုက်တာ ဦးထူးချစ်က “ပထမဦးဆုံးအကြိမ် ကျင်းပတဲ့ ပွဲဖြစ်ပါတယ်။ တိုင်းရင်းသားတွေ အချင်းချင်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပူးပေါင်း နေထိုင်နိုင်ဖို့ အပြန်အလှန် အသိအမှတ်ပြုမှုတွေကို ရစေပါတယ်။ ဗမာပြည်မှာ တိုင်းရင်းသားတွေ ဘယ်လို အဖိနှိပ်ခံရတယ် ဆိုတာတွေကို ကျနော်ရယ်၊ ဆလုံအဖွားကြီး တစ်ယောက်ရယ်၊ ထိုင်းလူမျိုး တစ်ယောက်ရယ် ပြီးတော့ ထိုင်းနိုင်ငံက တက္ကသိုလ်ကျောင်းသူ တစ်ယောက်ရယ် ပြောခဲ့ကြပါတယ်”ဟု ပြောသည်။

အခမ်းအနားစီစဉ်သူ တစ်ဦးဖြစ်သည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)မှ ပအိုဝ်လူမျိုး ခွန်သောမတ်စ်က “အဖွင့်မှာ မြန်မာတိုင်းရင်းသား လူငယ်တွေ စုပေါင်းပြီးတော့ တိုင်းရင်းသားရိုးရာ အကတွေနဲ့ ကခုန်ကြတယ်။ ပြီးတော့ ကရင်တိုင်းရင်းသားအက၊ မွန်တိုင်းရင်းသားအက တွေနဲ့လည်း သီးခြား ဖျော်ဖြေကြပါတယ်။ နေ့လည်စာ စားသောက်ပြီးတော့ မွန်လွဲပိုင်းမှာ ထိုင်းဘုရင်ကိုယ်တိုင် ထောက်ပံ့ကူညီပေးထားတဲ့ ပချာလူးခေါ့ ကျောင်းမှ ရိုးရာ ယဉ်ကျေးမှုအဖွဲ့က ထိုင်းလူမျိုးတိုင်း အမြတ်တနိုးထားတဲ့ မနုရာ ရိုးရာအကနဲ့ ဖျော်ဖြေပါတယ်။ ထိုင်းတောင်ပိုင်း (၁၄)ပြည်နယ်မှာ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ နှစ်နိုင်ငံ တိုင်းရင်းသားတွေ အချင်းချင်း ရိုးရာယဉ်ကျေးမှုတွေက အထူးချစ်စရာ ကောင်းပါတယ်။ ပျော်စရာလည်း အလွန်ကောင်းပါတယ်”ဟု ပြောသည်။

world_indi_day01

နေလည်ပိုင်း ထမင်းစား နားချိန်တွင် တက်ရောက်လာသူများအတွက် အဖွဲ့အစည်း အသီးသီးမှ ဥာဏ်စမ်း မေးခွန်းများနှင့် ဥာဏ်စမ်း ကစားနည်းပြိုင်ပွဲများ ပြုလုပ်ခဲ့ပြီး ညနေပိုင်းတွင် ပိုက်ကျော်ခြင်း ပြိုင်ပွဲများကို ပြုလုပ်ပေးခဲ့သည်။

ပွဲတော်သို့ လူ(၁၅၀)ခန့်သာ တက်ရောက်မည်ဟု ခန့်မှန်းထားသော်လည်း လူပေါင်း (၂၀၀)ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

မွန်ကလေးငယ်များအား ရိုးရာအကများကို သင်ကြားပေးခဲ့သည့် မွန်အမျိုးသမီးတစ်ဦးက “ကိုယ်တိုင်းပြည်မှာတောင် မလုပ်နိုင်တဲ့ အပြင်အဆင်တွေနဲ့ ကျမတို့ ရိုးရာကို နိုင်ငံခြားမှာ လာရောက်ပြသခွင့်ရတာ ဂုဏ်ယူပါတယ်။ စီစဉ်ပေးကြတဲ့ အဖွဲ့တွေကိုလည်း ကျေးဇူးတင်ပါတယ်”ဟု ပြောဆိုသွားသည်။

ယခု ပြုလုပ်သည့် ပွဲတော်သည် ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ပထမဦးဆုံးအကြိမ် ဖြစ်ပြီး၊ ဌာနေ တိုင်းရင်းသားများ၏ မတူကွဲပြားသော ချစ်စရာရိုးရာ ယဉ်ကျေးမှုးများကို အပြန်အလှန် တင်ပြခဲ့ကြသည်။

world_indi_day02