နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 11 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

ရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော်ကို ထိုင်းရဲများ ဖမ်းဆီး PDF Print E-mail
Wednesday, 04 August 2010 00:00

arrest_migrant_workersထိုင်းရဲများက ရှောင်တခင် ၀င်ရောက်စစ်ဆေးပြီး ဖမ်းဆီးခဲ့သဖြင့် လက်မှတ်မရှိသော ရွှေ့ပြောင်းအလုပ်သမား (၁၀၀၀)ကျော် ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

ရွှေ့ပြောင်းအလုပ်သမားများ တရာမ၀င် အလုပ် လုပ်ကိုင်နေသည်ဟု သံသယရှိသော စက်ရုံများကို ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက ၀င်ရောက် စစ်ဆေးခဲ့ရာ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီယား နိုင်ငံများမှ အလုပ်သမား စုစုပေါင်း (၁၀၇၀)ယောက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရန်အတွက် မှတ်ပုံတင်ရန် လိုအပ်သည်။

ဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး ဒုတိယ ၀န်ကြီးချုပ် ဆမ်နန် ကမ်ချွန်ပရာဆတ်က ထိုင်းနိုင်ငံအနေဖြင့် ယခုလို ကိစ္စများတွင် တိတိကျကျ လုပ်ရန်လိုအပ်ကြောင်း၊ ထိုသို့ မလုပ်လျှင် မှုခင်းများ တိုးပွားလာနိုင်ကြောင်း၊ ထိုင်းနိုင်ငံရှိ စီးပွားရေး လုပ်ငန်းများတွင် အလုပ်လုပ်နေသည့် အလုပ်သမားများအား မှတ်ပုံတင်ရန် ကြိုတင် ကြေငြာ ထားကြောင်း၊ အလုပ်သမားများသည် တရားဝင် ရွှေ့ပြောင်းအလုပ်သမား အနေဖြင့် အလုပ်လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ရဲများက ဖမ်းဆီးထိမ်းသိမ်း ခံနေရသည့် အလုပ်သမားများအား သေသေချာချာ စီစစ် မေးမြန်းသွားမည်ဟု ပြောသည်။

ထိုင်းအစိုးရသည် ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်သော မူဝါဒ အသစ်များ ထုတ်ပြန်ပြီးသည့် အချိန်မှစ၍ ရှောင်တခင် ၀င်ရောက် စစ်ဆေးမှုများကို တိုးမြှင့် လုပ်ဆောင်လာခဲ့သည်။

ထိုင်းနိုင်ငံ၏ လုပ်သား ဈေးကွက်အတွက် ရွှေ့ပြောင်းအလုပ်သမားများသည် အဓိက လုပ်အားအရင်းမြစ် ဖြစ်သည်။ အထူးသဖြင့် ဆောက်လုပ်ရေး၊ ခရီးသွားလာရေးနှင့် ကုန်ထုတ်လုပ်ငန်းများ အတွက်ရွှေ့ပြောင်းလုပ်သားများ အဓိက လိုအပ်သည်။

More Photos