နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 8 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

လူ့အခွင့်အရေး ခေါင်းဆောင်က ယာယီပတ်စ်ပို့ ကိုင်ဆောင်သူများကို ယာဉ်မောင်းလိုင်စင် ထုတ်မပေးရန် တောင်းဆို PDF Print E-mail
Monday, 02 August 2010 00:00

ထိုင်းနိုင်ငံ၊ ရနောင်းမြို့ အခြေစိုက်၊ လူ့အခွင့်အရေး ခေါင်ဆောင် နိုင်စနော့က ယာယီပတ်စ်ပို့ ကိုင်ဆောင်ထားသည့် အလုပ်သမားများကို ယာဉ်မောင်းလိုင်စင် ထုတ်မပေးရန် မြို့နယ်အာဏာပိုင်းအား တောင်းဆိုခဲ့ကြောင်း သိရသည်။

မြန်မာအလုပ်သမားများ ဆိုင်ကယ်မောင်း လိုင်စင်လုပ်ပြီး အငှါးဆွဲနေသဖြင့် ထိုင်းဆိုင်ကယ် တက္ကစီသမားများ အလုပ်လက်မဲ့ ဖြစ်နေသည်ကို စိုးရိမ်ပူပန်ကြောင်း ၎င်းက ပြောဆိုလိုက်သည်။

ရနောင်းမြို့နယ် အာဏာပိုင်များထံသို့ ဖော်ပြပါ အချက်(၅)ချက်ပါသည့် စာတစ်စောင်အား ရေးသားပြီး ယမန်နေ့က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

(၁) ရွှေ့ပြောင်းအလုပ်သမားများကို ထုတ်ပေးထားသည့် ယာယီပတ်စ်ပို့ဖြင့် လျှောက်ထားသော လိုင်စင်များအား ရုပ်သိမ်းပေးရန်၊ (၂) ပတ်စ်ပို့အနီအား လိုင်စင်ထုတ်မပေးရန်၊ (၃) ထုတ်ပေးထားသည့် လိုင်စင်များအား ပြန်လည်ခေါ်ယူ စစ်ဆေးပေးရန်၊ (၄) သက်ဆိုင်သည့် အလုပ်သမားများအား အစည်းအဝေးခေါ်ယူ၍ ရလဒ်များအား တင်ပြပေးရန်၊ (၅) စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်း၍ လိုင်စင်ထုတ်ပေးခြင်းကိစ္စကို အစအဆုံး သတင်းမီဒီယာများမှ ဖေါ်ပြပေးရန် ဖြစ်သည်။

ရနောင်းမြို့နယ်မှ မြို့နယ်မှူး နိုင်ဝန်ချဘုံချိုင်ထန ကလည်း မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ယာဉ်မောင်း လိုင်စင်ထုတ်ပေးခြင်းကို ခေတ္တရပ်နားထားရန် ရနောင်းမြို့နယ် လိုင်စင်ထုတ်ပေးရေး ရုံးများသို့ အမိန့် ထုတ်ပြန် ခဲ့သည်။ အကယ်၍ လိုင်စင်ထုတ်ပေးမည်ဆိုပါက ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးဌာန၏ ခွင့်ပြုချက်ပါမှ နိုင်ငံတကာအဆင့် ပတ်စ်ပို့များကိုသာ တရားဥပဒေအတိုင်း ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထိုကဲ့သို့ တောင်းဆိုမှုများနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် အခြေစိုက် အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာန (ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း)မှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က “လိုင်စင်ရှိတဲ့ အလုပ်သမားတွေ ဆိုင်ကယ်စီးလို့ ထိုင်းဆိုင်ကယ် တက္ကစီသမားတွေ အလုပ်လက်မဲ့ဖြစ်မယ်ဆိုတာ လုံးဝအခြေအမြစ် မရှိပါဘူး။ တရားဝင် လက်မှတ်ရှိသူတိုင်း နိုင်ငံတကာ လူ့အခွင့်အရေးနဲ့အညီ လိုင်စင်လျှောက်ထားခွင့် ရှိပါတယ်။ အခုလို တောင်းဆိုနေတဲ့ လူ့အခွင့်အရေးသမား ဆိုသူတွေကလည်း နိုင်ငံတကာ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာ သင့်ပါတယ်” ဟုပြောသည်။

လိုင်စင်ထုတ်ပေးရေးရုံး၌ မြန်မာအလုပ်သမား နှစ်ဦးသာ လိုင်စင်လုပ်ကိုင်ထားသော်လည်း မြန်မာအလုပ်သမား အတော်များများမှာ ဆိုင်ကယ် မောင်းနှင်နေကြကြောင်း ထိုင်းဘာသာဖြင့် ဖော်ပြသည့် ခေါင်စွတ် အွန်လိုင်းသတင်းတွင် ယနေ့ ရေးသားထားသည်။

ရနောင်းမြို့တွင် မြန်မာများ မော်တော်ဆိုင်ကယ် စီးနင်းလာမှု များပြားလာနေခြင်းကြောင့် ပြီးခဲ့သည့် လကုန်ပိုင်းကလည်း ဆိုင်ကယ်တက္ကစီ မောင်းသူများက ဆန္ဒပြခဲ့ကြသည်။

ယာယီပတ်စ်ပို့ လုပ်ကိုင်ထားသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ယာဉ်မောင်းလိုင်စင် လုပ်ကိုင်ခွင့်၊ တစ်နိုင်ငံလုံး သွားလာခွင့်နှင့် ထိုင်းအလုပ်သမားများနည်းတူ တန်းတူအခွင့်အရေး ရရှိစေရမည်ဟု နှစ်နိုင်ငံအစိုးရ သဘောတူညီချက် လက်မှတ်ရေးထိုး ထားကြောင်း သိရသည်။