နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 8 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

ဘတ်ငွေ (၂၈)သန်းတန် ထိုင်းအစိုးရ ထီဆုကြီးပေါက်သည့် မြန်မာအလုပ်သမား မိသားစု နေရပ်သို့ပြန်ပြီ PDF Print E-mail
Friday, 16 July 2010 00:00

ထိုင်းနိုင်ငံ အစိုးရထီမှ ဆုကြီးပေါက်ခဲ့သော မြန်မာအလုပ်သမား မိသားစုသည် ဆုငွေများ ထုတ်ယူပြီး ဇာတိမြေသို့ ပြန်သွားပြီးဖြစ်ကြောင်း သိရသည်။

ထိုမိသားစုမှာ ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနိုင်ငံ နယ်စပ်ရှိ ဆုံခလာခရိုင်၊ ဟုတ်ယိုင်မြို့နယ်၊ လမ်းစံလမ်းစုံမှ ထိုင်းအမျိုး သမီးတစ်ဦး ရောင်းချသည့် “မာလွေ” သူဌေးလာဖြစ်ပါ ထီဆိုင်မှ နံပါတ်အတွဲ (၅၃-၅၄) ၄၈၀၂၃၉ နံပတ်ဖြင့် ဘတ်ငွေ (၂၈)သန်းတန် ထီပေါက်ခဲ့ခြင်း ဖြစ်သည်။

ဆုံခလာခရိုင် အခြေစိုက် ကျန်းမာရေးနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့တစ်ခုမှ ထိုင်း- မြန်မာကပြား ၀န်ထမ်း အမျိုးသမီးတစ်ဦးက “တရုတ်သူဌေး တစ်ဦးပိုင်တဲ့ တည်ခိုခန်းတခုမှာ သန့်ရှင်းရေးလုပ်တဲ့ လင်မယားနှစ်ယောက် ထီပေါက်တာပါ။ ဆုငွေကို သူဌေးကိုယ်တိုင် ထုတ်ပေးတယ်။ ပြီးတော့ သူဌေးက သူ့အတွက် ဘတ်နှစ်သန်းနဲ့ အခွန်ငွေအတွက် နှစ်သန်း ဖြတ်ထားပြီး သူတို့ကို  ဘတ်(၂၄)သန်း ပေးလိုက်တယ်။ ပြီးတော့ ပြန်ဖို့အတွက် နယ်စပ်မြို့တစ်ခုကို လိုက်ပို့ပေးလိုက်တယ်။ တော်တော်ကောင်းတဲ့ သူဌေးပါ” ဟု ပြောသည်။

မြန်မာအလုပ်သမားတဦး ဘတ် (၂၈)သန်းတန် ထီပေါက်သည်ဟု သတင်းကြားသောအခါ အလုပ်သမားများအတွက် စိုးရိမ်ခဲ့ရကြောင်းနှင့် ထိုင်းနိုင်ငံတွင် အသက်ငါးဆယ်ကျော်သည်အထိ နေထိုင်လာခဲ့ရာတွင် ယခုလို ဆုငွေများစွာကို အသက်အန္တရာယ်ကင်းစွာဖြင့် ရရှိသွားသည်မှာ မကြားဖူးခဲ့ကြောင်း ၎င်းက ယခုလို ဆက်ပြောပြသည်။

“ပြီးခဲ့တဲ့ (၂)နှစ်လောက်က ဖူးခက်မြို့မှာ မြန်မာအလုပ်သမားတစ်ယောက်နဲ့ ထိုင်းလူမျိုးတစ်ယောက် ချဲထီ ဘတ် (၆)သိန်းပေါက်ဖူးတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်လုံး အသတ်ခံရတယ်။ ချဲထီ ရောင်းတဲ့သူတွေ သတ်တာလို့ ထင်တယ်” ဟုပြောပြသည်။