|
Who's Online
We have 8 guests online
Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။
|
|
အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရ သူများအတွက် လုပ်ငန်းရှင်နှင့် ညှိနှိုင်းပေးခဲ့ |
|
|
|
|
Friday, 16 July 2010 00:00 |
|
အလုပ်သမားလက်မှတ်များကို သိမ်းဆည်းထားပြီး လုပ်ခလစာများ အကြောင်းအမျိုးမျိုးပြကာ ဖြတ်တောက်ခြင်း ခံနေရသော မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် NGO များက အလုပ်ရှင်နှင့် ညှိနှိုင်းပေးနိုင်ခဲ့သည်ဟု သိရသည်။
ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ SEIKO အမည်ရှိ ငါးလုပ်ငန်း အလုပ်ရုံမှ အလုပ်သမား (၅)ဦးမှာ လုပ်ခလစာများကို အကြောင်းအမျိုးမျိုးပြပြီး ဖြတ်တောက်သဖြင့် မကြေနပ်သောကြောင့် အလုပ်မှ နှုတ်ထွက်ခဲ့သည်။ သို့သော်လည်း အလုပ်ရှင်မှ အလုပ်သမားလက်မှတ်(ဘတ်) များကို သိမ်းဆည်းထားသဖြင့် အလုပ်အသစ် ရှာဖွေရန် အခက်အခဲများ ရှိခဲ့သည်ဟု သိရသည်။
ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေသော ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)နှင့် MAP ဖောင်ဒေးရှင်းအဖွဲ့မှ ရှေ့နေများ ပူးပေါင်းကာ လုပ်ငန်းရှင်နှင့် ညှိနှိုင်းပေးခဲ့သည်။
အလုပ်သမားများအပေါ်တွင် အကြောင်းအမျိုးမျိုးပြပြီး လုပ်ခလစာများ ဖြတ်တောက်နေခြင်းကို အလုပ်ရှင်မှ မသိကြောင်း၊ ကြားထဲမှ စာရေးများက ပြုလုပ်နေခြင်း ဖြစ်ကြောင်း၊ အခုလို အလုပ် ထွက်သွားသူများအတွက် ၎င်းတို့၏ အလုပ်သမား လက်မှတ်များ ပြန်ပေးမည်ဖြစ်ကြောင်းနှင့် အလုပ်ပြန်ဝင်မည်ဆိုပါကလည်း အခြားဌာနတခုတွင် ပြန်လည်ခန့်ထားပေးမည် ဖြစ်ကြောင်း အလုပ်ရှင်မှ ပြောခဲ့သည်ဟု FED မှ ရွှေ့ပြောင်းအလုပ်သမား ဖွံ့ဖြိုးရေးဌာန တာဝန်ခံ ကိုမိုးဝေက ပြောပြသည်။
ယခုကိစ္စသည် တခြားအလုပ်သမားများအတွက်ပါ စံပြဖြစ်စေရန် ရည်ရွယ်ပြီး အလုပ်သမားများ အနေဖြင့် ၎င်းတို့၏ အခွင့်အရေးကို နားလည်လာစေရန်နှင့် နောက်နောင်တွင်လည်း အခုလို ဆက်ပြီးအကူအညီပေးသွားမည်ဟု ကိုမိုးဝေက ဆက်ပြောသည်။
ရနောင်းမြို့ရှိ စက်ရုံလုပ်ငန်းများတွင် မြန်မာအလုပ်သမားများစွာရှိပြီး တချို့မှာ လုပ်ခလစာများကို အပြည့်အ၀ မရရှိပဲ စာရေးများက ဖြတ်တောက်ခြင်း၊ အလုပ်သွင်းပေးသူ ပွဲစားများက ဖြစ်တောက်ခြင်းများကြောင့် အလုပ်သမားများတွင် နစ်နာမှုများ ရှိနေသည်ဟု သိရသည်။ |
|