နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 9 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

လူကုန်ကူးမှု တာဆီးကာကွယ်ရေး ဆွေးနွေးပွဲ PDF Print E-mail
Wednesday, 30 June 2010 00:00

trafficking_workshopလူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတရပ်ကို ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ ခေါင်းလတ်ဒေသရှိ Khao Lak Sea view Resort တွင် ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲကို ဖန်ငခရိုင်ရှိ အစိုးရ လူကုန်ကူးမှု တားဆီးရေးဌာန၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)နှင့် International Organization for Migration (IOM) တို့မှ ပူးပေါင်း ဆောင်းရွက်ခဲ့ကြခြင်းဖြစ်ပြီး ယခုလ (၂၈)နှင့် (၂၉)ရက်နေ့များတွင် ပြုလုပ်ခဲ့ကြသည်။

ဖန်ငပြည်နယ်အတွင်းရှိ ဒေသခံ ထိုင်းလူမျိုးနှင့် မြန်မာလူမျိုးများအနေဖြင့် လူကုန်ကူးမှု တာဆီးနှိမ်နင်းရေးတွင် တဖက်တလမ်းမှ ပူးပေါင်းပါဝင်လာနိုင်စေရန်နှင့် နောက်ဆက်တွဲ ပြဿနာများ မဖြစ်ပွားစေရန် ရေရှည်အတွက် ရည်ရွယ်ပြီး ပြုလုပ်ခဲ့သည်ဟု FED မှ တာဝန်ခံ ကိုမိုးဝေက ပြောပြသည်။

ဆွေးနွေးပွဲသို့ ဒေသခံ အာဏာပိုင်အဖွဲ့များမှ တာဝန်ရှိသူများ၊ အစိုးရဌာနများမှ တာဝန်ရှိသူများ၊ NGO ၀န်ထမ်းများ၊ ထိုင်းလူထု လူမှုရေး ဦးဆောင်ကော်မတီမှ လူကြီးများနှင့် နယ်မြေခံလူကြီးများ တက်ရောက်ခဲ့ကြသည်။

ပထမနေ့တွင် ဖန်ငခရိုင် လူကုန်ကူးမှု တားဆီးရေးဌာနမှ တာဝန်ရှိသူတဦး၊ ဒုတိယနေ့တွင် ကူရပူရီမှ စခန်းမှူးနှင့် ကမ်းနီးလုံခြုံရေး တာဝန်ယူထားသည့် ရဲအရာရှိတဦးတို့မှ ဦးဆောင်ဆွေးနွေးပေးခဲ့သည်။

လူကုန်ကူးမှု ဖြစ်ပေါ်လာရသည့် အကြောင်းအရင်းနှင့် တကယ့်ဖြစ်ရပ်မှန်များကို ဗွီဒီယို စလိုက်ရှိုးများဖြင့် ပြသခဲ့ပြီး နောက်ပိုင်းတွင် မည်သို့ကာကွယ်တာဆီသွားမည်ကို နည်းလမ်းများ ချမှတ်ခဲ့ကြောင်း သိရသည်။

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)သည် တရားဥပဒေအရ အကာအကွယ်ပေးရေးနှင့် ပတ်သက်၍ အလားတူ အသိပညာဖလှယ်ရေး ဆွေးနွေးပွဲများကို လုပ်ဆောင်လျှက်ရှိရာ ယခု လူကုန်ကူးမှုတားဆီးရေး ဆွေးနွေးပွဲသည် ဒုတိယ အကြိမ်မြောက် ဆွေးနွေးပွဲဖြစ်ကြောင်းလည်း သိရှိရသည်။