|
Who's Online
We have 12 guests online
Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။
|
|
သင်ကြားနည်း စံနစ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ် |
|
|
|
|
Thursday, 15 July 2010 00:00 |
|
၂၀၁၀- ၂၀၁၁ ပညာသင်နှစ်အတွက် ပထမအကြိမ် သင်ကြားနည်းစံနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယခုလ (၉)ရက်နှင့် (၁၀)ရက်နေ့များက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာကလေးအတွက် စာသင်ကျောင်းများ ဖွင့်လှစ်ထားသော ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငဒေသ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)မှ ဆရာ၊ ဆရာမများအတွက် ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပြီး ဖောင်ဒေးရှင်း၏ လူငယ့်သိပ္ပံကျောင်းတွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ပညာရေးဌာန တာဝန်ခံ ဦးမင်းသိမ်းကျော်က “ကျနော်တို့အနေနဲ့ ဆရာ၊ ဆရာမတွေရဲ့ စွမ်းရည်မြှင့်တင်နိုင်ဖို့၊ သင်ကြားနည်းစံနစ်တွေနဲ့ သင်ထောက်ကူပစ္စည်းတွေကို ဘာသာရပ်နဲ့ သင်ခန်းစာ ခေါင်းစဉ်အလိုက် အဆင်ပြေပြေ အသုံးချ တတ်ဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ခဲ့တာပါ” ဟု ပြောကြားခဲ့သည်။
မဲဆောက်အခြေစိုက် Curriculum Project မှ Project မန်နေဂျာ Mr. Kyle Tingley က ဆွေးနွေးပွဲကို ဦးဆောင်ခဲ့ပြီး ဖောင်ဒေးရှင်းမှ ဆရာ၊ ဆရာမ (၂၀)ဦး တက်ရောက်ခဲ့သည်။ စာသင်ခန်း စီမံခန့်ခွဲခြင်း၊ သင်ကြားနည်း စံနစ်များနှင့် သင်ထောက်ကူပစ္စည်းများ အသုံးပြုခြင်း စသည်တို့ကို အဓိကထား ဆွေးနွေးခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် မေလ (၂၈)၊ (၂၉)နှင့် (၃၀)ရက်နေ့များကလည်း ဖောင်ဒေးရှင်း၏ ပညာရေးဌာနမှ ဆရာ၊ ဆရာမများအတွက် စွမ်းရည်မြှင့်တင်ရေးနှင့် သင်ရိုးညွှန်းတမ်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(FED)သည် ၂၀၁၀- ၂၀၁၁ ပညာသင်နှစ်တွင် ရွှေ့ပြောင်းမြန်မာ ကလေးများအတွက် စာသင်ကျောင်း(၈)ကျောင်းနှင့် နေ့ကလေးထိန်းကျောင်း(၂)ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ (၆၀၀)ခန့်ကို ပညာပေးလျှက် ရှိသည်။ |
|