နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 13 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

ထိုင်းနိုင်ငံ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဌာနမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပညာပေးဟောပြောပွဲ PDF Print E-mail
Saturday, 10 July 2010 00:00

traffic_01ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ကြီးမှူး၍ ထိုင်းနိုင်ငံ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဌာန၏ လက်ရှိကျင့်သုံးနေသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပညာပေးဟောပြောပွဲကို ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်၊ တကွာပါ မြို့နယ်၊ ခီးခပ်တိုက်နယ်ရှိ ဆန်စောင် လူထုစုဝေးရာခန်းမတွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါပညာ ပေးဟောပြောပွဲသို့ ဖန်ငခရိုင်အတွင်း အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုယ်စားလှယ် ( ၃၀)ဦးခန့် တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲ နံနက်ပိုင်းတွင် တကွာပါမြို့နယ် ယာဉ်မောင်းလိုင်စင် ထုတ်ပေးရေးဌာနတာဝန်ခံ နိုင်အမ်ဖွန်ဖင်သီရီ မှ ဗီဒီယို မှတ်တမ်းများနှင့်တကွ လမ်းစည်းကမ်း ယာဉ်စည်းကမ်းများကို ရှင်းလင်းပြသခဲ့သည်။

“မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အခုလိုပညာပေးဟောပြောတာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ အင်မတန်မှ ဝမ်းသာပါတယ်။ ဘယ်နိုင်ငံသားမဆို နိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ရှိရင် ယာဉ်မောင်းလိုင်စင် လုပ်ပိုင်ခွင့်ရှိပါတယ်။ အလုပ်သမားတိုင်းကို ယာဉ်မောင်းလိုင်စင် ရှိစေချင်ပါတယ်။ ဒါပေမယ့် လက်ရှိ ပေါ်လစီအရတော့ အခုလုပ်လို့ မရသေးပါဘူး။ အလုပ်သမားတိုင်း ယာဉ်မောင်းလိုင်စင်ရှိရင်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေ နားလည်မယ်ဆိုရင် ယာဉ်တိုက်မှု အန္ထရာယ်တွေ အများကြီးလျော့ကျသွားနိုင်ပါတယ်။ အခုဆိုရင် ဖူခက်ခရိုင်မှာ အလုပ်လုပ် နေကြတဲ့၊ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမားတွေ ယာဉ်မောင်းလိုင်စင် လာလုပ်နေကြပါပြီ” ဟု နိုင်အမ်ဖွန်ဖင်သီရီက ပြောသည်။

traffic_02

ဖန်ငခရိုင်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း နားမလည်မှု၊ တရားမဝင် ယာဉ်မောင်းနှင်မှုများကြောင့် နှစ်စဉ်သေဆုံး၊ ထိခိုက်ဒါဏ်ရမှု ဦးရေ တိုးပွားလျှက်ရှိသည်။

“ဒီသင်တန်းက ကျနော်တို့အတွက် တကယ်လိုအပ်ပါတယ်။ မြန်မာပြည်မှာတောင် တစ်ခါမှ နားမထောင်ဖူးဘူး။ အခုမှ ကျနော်တို့ အလုပ်သမားတွေ ဘယ်လိုမျိုး လိုင်စင်လျှောက်ရမယ်၊ ဘယ်လို အချက်တွေ လိုက်နာရမယ်ဆိုတာ သိရတယ်။ အရင်က သိသလိုလို ရှိပေမယ့် မသေချာဘူးဗျ။ ပုလိပ်တွေ ၀ီစီမှုတ်ရင် ရပ်ရမယ်ထင်တာ၊ အခုတော့ မဟုတ်ဘူး။ အသံတို ဆိုရင် ဆက်သွား၊ အသံရှည်ဆိုမှ ရပ်ရမယ် ဆိုတာတွေလည်း သိလာတယ်” ဟု သင်တန်းတက်ရောက်လာသူ ရော်ဘာခြံ အလုပ်သမား ကိုသိန်းဦးက ပြောသည်။

ဟောပြောပွဲ နေ့လည်ပိုင်းတွင် တကွာပါမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့မှ ရဲ-ဒုတိယဗိုလ်မှူးကြီး ဆွတ်ပရာနှင့် မော်တော်ယာဉ်ထိမ်း ရဲတပ်ဖွဲ့မှ ရဲမှူး ထာဝမ်ဂုတ်ရက်တို့က ဆွေးနွေးဟောပြောခဲ့ကြသည်။

“ကျနော်တို့ အခုဆွေးနွေးဟောပြောသွားတဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ အချက်အလက်တွေကို သိရှိသွားပြီးရင် ကိုယ်နဲ့ ဘဝတူ အလုပ်သမားတွေကြားထဲမှာ ပြန်ပြီး လက်ဆင့်ကမ်းကြပါ။ အလုပ်သမားတွေ ယာဉ်တိုက်ပြီး၊ သေဆုံးဒဏ်ရာရတာ ကျနော်တို့အနေနဲ့ မကြားချင်တော့ပါဘူး။ စက်ဘီးစီးတဲ့အခါလည်း စက်ဘီးနောက်မှာ အချက်ပြမီး ထည့်ထားကြပါ၊ ဆင်ကြီးတောင်မှ ညဖက်သွားရင် ဖင်မြှီးမှာ အချက်ပြ မီးတွေ တတ်ပေးထားရတာဘဲ” ဟု ယာဉ်ထိမ်းရဲမှူး ထာဝမ်ဂုတ်ရက်က ပြောကြားခဲ့သည်။

traffic

ခေါင်လတ်ပင်လယ်ကမ်းခြေ၌ ပန်းရံလုပ်ငန်းလုပ်ကိုင်နေသည့် ကိုမောင်သိန်းက  “ယာယီပတ်စ်ပို့ ရရင်တော့ လိုင်စင် လျှောက်မှာပါ။ လိုင်စင်မရှိလို့ ယာဉ်တိုက်မှု ဖြစ်ရင် ကိုယ်ကမှန်လည်း ဥပဒေအရ ကိုယ်ပဲအမှား ဖြစ်မယ်ဆိုတာ လာပြီးဟောပြောတဲ့ ဆရာကြီးတွေက ရှင်းပြတယ်။ ပြီးတော့ စည်းကမ်းမရှိပဲ မောင်းတာ၊ မူးပြီး မောင်းတာတွေကြောင့် ယာဉ်တိုက်မှု ဖြစ်ခဲ့တဲ့ ဓာတ်ပုံတွေပြတယ်။ ကြောက်စရာ ကောင်းတယ်။ ဒီသင်းတန်းကတော့ ကျနော်တို့အတွက် အကျိုးရှိပါတယ်” ဟုပြောကြားခဲ့သည်။

အဆိုပါဟောပြောပွဲကို ဦးဆောင်ကျင်းပခဲ့သည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က “ ကျနော်တို့အနေနဲ့ အခုလို ဟောပြောပွဲ လုပ်ပေးဖို့ စဉ်းစာခဲ့တာကြာပါပြီ၊ ဒါပေမဲ့ အကြောင်း အမျိုးမျိုးကြောင့် မလုပ်ဖြစ်ခဲ့ပါဘူး။ ကျနော်တို့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ ယာဉ်တိုက်မှုကြောင့် အမြဲတမ်းလို သေကြေဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။ ကျနော်တို့အနေနဲ့ အလုပ်သမားတွေကို သူတို့သိသင့် သိထိုက်တဲ့ မော်တော်ယာဉ် စည်းမျဉ်းစည်းကမ်းနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို စနစ်တကျ သိရှိဖို့နဲ့ ယာဉ်တိုက်မှုအန္တရာယ် အတတ်နိုင်ဆုံး လျော့ကျဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုဟောပြောပွဲကို လုပ်ရခြင်းဖြစ်ပါတယ်။” ဟုပြောကြားခဲ့သည်။

ဟောပြောပွဲသို့ တက်ရောက်လာသည့် အလုပ်သမားများမှ မိမိတို့၏ ဒေသများအတွင်း၌ အလားတူဟောပြောပွဲများကို မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ဆက်လက်ဆောင်ရွက်ကြမည်ဖြစ်ပြီး၊ ဖောင်ဒေးရှင်းအနေဖြင့်လည်း အလားတူဟောပြောပွဲများ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်သည်။