နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 10 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

မြန်မာအလုပ်သမားတစ်ဦး ထိုင်းဘတ်ငွေ (၂၈)သန်းတန် ထီဆုကြီးပေါက် PDF Print E-mail
Thursday, 08 July 2010 00:00

lotteryထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားတဦး ထိုင်း ထီဆုကြီး ပေါက်သဖြင့် ဘတ်ငွေ (၂၈)သန်း ထုတ်ယူသွားပြီ ဖြစ်ကြောင်း ထိုင်းရတ် သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ ထီကို ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှားနယ်စပ်၊ လမ်းစံလမ်းစုံရွာ၊ ဟတ်ယိုင်မြို့နယ်၊ စုံခလာခရိုင်ရှိ ထိုင်းအမျိုးသမီးတစ်ဦး ရောင်းချသည့် သူဌေးလာဖြစ်ပါ (မာလွေ)ထီဆိုင်မှ ထီနံပါတ်အတွဲ (၅၃-၅၄) ၄၈၀၂၃၉ ဖြင့် ပေါက်ခဲ့ခြင်း ဖြစ်သည်ဟု ရေးသားထားသည်။

မူရင်းဆုကြေးငွေမှာ ဘတ်ငွေ (၈)သန်းဖြစ်ပြီး အတွဲအပို ဆုကြေးအဖြစ် ဘတ်ငွေ သန်း(၂၀)ပါ ရရှိသဖြင့် စုစုပေါင်း ဘတ်ငွေ (၂၈)သန်း ရရှိခဲ့ခြင်းဖြစ်သည်။

ထိုင်းရတ်သတင်းဌာနမှ လိုက်လံစုံစမ်းသည့်အခါ ထီလက်မှတ် ရောင်းချသည့် အမျိုးသမီးကိုသာ တွေ့ရှိခဲ့သည်။ နယ်မြေအတွင်းရှိ ဘဏ်များသို့ ထပ်မံစုံစမ်းသည့်အခါ ဇူလိုင်လ (၅)ရက်နေ့က ထနာခါခုံ ထိုင်းဘဏ်မှ ထိုင်းလူမျိုးတစ်ဦး ထုတ်ယူသွားပြီဖြစ်ကြောင်း သိရှိခဲ့ရသည်ဟု ရေးသားထားသည်။

မြန်မာအလုပ်သမား တစ်ဦးအနေဖြင့် ထိုမျှ များပြားသောငွေကို ထုတ်ယူ၍ မရနိုင်သဖြင့် ထီပေါက်သော အလုပ်သမား၏ အလုပ်ရှင် သူဌေးက ထုတ်ယူသွားကြောင်း ရေးသားထားသည်။

ထီလက်မှတ် ရောင်းချသည့် အသက်(၃၇)နှစ်အရွယ် ထိုင်းအမျိုးသမီး နန်ဖကာမ ၀ိုင်းစုန်မကလည်း ရာခိုင်းနှုန်း အချိုးကျရရှိရန် မျှော်လင့်ချက်ဖြင့် လိုက်လံစုံစမ်းနေကြောင်း ရေးသားထားသည်။

ထီပေါက်သော မြန်မာအလုပ်သမားနှင့် ထီဆုငွေထုတ်ယူသည့် ထိုင်းသူဌေးတို့၏ အမည်နှင့် နေရပ်လိပ်စာများကို သတင်းတွင် ရေးသားဖော်ပြထားခြင်း မရှိပေ။