နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 12 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

လူကုန်ကူးမှု တိုက်ဖျက်ရေး ထိုင်းအစိုးရ ထိထိရောက်ရောက် လုပ်ဆောင်မည် PDF Print E-mail
Monday, 05 July 2010 05:11

ထိုင်းနိုင်ငံ၊ ရေလုပ်ငန်းများတွင် လူကုန်ကူးခံနေရသည့် ရွှေ့ပြောင်း အလုပ်သမားများအား နေထိုင်ခွင့် လက်မှတ်လုပ်ပေးရေးနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးတို့ကို လာမည့် သြဂုတ်လတွင် စတင်လုပ်ကိုင်နိုင်လိမ့်မည်ဟု သိရသည်။

လူကုန်ကူးမှု တိုက်ဖျက်ရေး အမြဲတမ်း ဒုဝန်ကြီး  နိုင်ဝပ်ချလပ်ကလုနီကာက ထိုင်းနိုင်ငံ ရေတပ် ရဲတပ်ဖွဲ့၊ ထိုင်းရေတပ်နှင့် ထိုင်းလူမှု ကူညီ ကယ်ဆယ်ရေး အဖွဲ့များဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အမေရိကန် အစိုးရအား အချက်အလက် အပြည့်အစုံဖြင့် တင်ပြသွားမည်ဖြစ်ကြောင်း ၀န်ကြီးဌာနများ အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး စောင့်ကြည့်သည့်အဖွဲ့၏ အစီရင်ခံစာတွင် ထိုင်းနိုင်ငံသည် လူကုန်ကူးမှု အဓိက နိုင်ငံများစာရင်းတွင် ပါဝင်နေသည်ဟု မကြာမီက ထုတ်ပြန်ခဲ့သည်။ ထိုသို့ အဓိက နိုင်ငံများစာရင်းထဲတွင် ပါဝင်နေရာမှ လျော့နည်း ပပျောက်သွားစေရန်အတွက် အခြားအဖွဲ့များနှင့်လည်း ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

လူကုန်မှုနှင့် ပတ်သက်သည့် အမှုအခင်းများကိုလည်း အထူးဂရုစိုက် လေ့လာ စစ်ဆေးသွားမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောဆိုခဲ့သည်။ အဆိုပါ အစည်းအဝေးအား ဒုဝန်ကြီးချုပ် နိုင်ဆနန်ခကျွန်ပစန် က ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု INN အင်တာနက် သတင်းစာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။