နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 7 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

ASEAN People Forum အတွက် ကြိုတင် ညှိနှိုင်း အစည်းအဝေး ပြုလုပ် PDF Print E-mail
Saturday, 26 June 2010 14:57

logo-aseanလူထုအခြေပြု အဖွဲ့အစည်းများက Asean People Forum တွင် တင်ပြမည့် အချက်အလက်များအတွက် ကြိုတင် ညှိနှိုင်း အစည်းအဝေးကို ထိုင်းနိုင်ငံ ဘန်ကောက်တွင် ယနေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။

တတိယ အကြိမ်မြောက် Asean People Forum ကို ယခုနှစ် စက်တင်ဘာလတွင် ဗီယက်နမ် နိုင်ငံ၌ ပြုလုပ်မည့်ဖြစ်ပြီး မည်သို့သော အချက်အလက်များ တင်ပြကြမည်ကို ASEAN နိုင်ငံများ အတွင်းရှိ လူထုအခြေပြု အဖွဲ့အစည်း(၃၅)ဖွဲ့ခန့်က ကြိုတင် ညှိနှိုင်းခဲ့ကြခြင်း ဖြစ်သည်။

အစည်းအဝေးသို့ တက်ရောက်ခဲ့သော ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငဒေသရှိ ရွှေ့ပြောင်းမြန်မာ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသော ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(FED)မှ ဦးကျော်လင်းဦးက “ထုံးစံအတိုင်းပေါ့ဗျာ အာဆီယံဒေသတွင်း လူအခွင့်အရေး၊ လူကုန်ကူးမှု၊ ရွှေ့ပြောင်း အလုပ်သမားရေးရာ ကိစ္စရပ်တွေ၊ ဒေသတွင်း တစ်ခုလုံးပေါ့နော်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတို့မှာလည်း တရားမ၀င် အလုပ်သမား ဘာညာဆိုပြီး ဖမ်းနေကြတာတွေ၊ လတ်တလော ထိုင်းနိုင်ငံ အတွင်းမှာရှိတဲ့ နိုင်ခြားသား အလုပ်သမားတွေကို ဖမ်းဆီးနေတာတွေဆိုတာ မလုပ်သင့်တဲ့ လုပ်ရပ်အဖြစ် နိုင်ငံတကာက စိုးရိမ်နေကြပါတယ်။ တရားမ၀င်တဲ့ အလုပ်သမားဆိုတဲ့ ဝေါဟာရဆိုတာ ရှိကို မရှိသင့်ဘူး၊ လူတိုင်း ရွှေ့ပြောင်း လုပ်ကိုင်နေကြတာတွေကို အဓိက စဉ်းစားကြပါတယ်”ဟု ပြောဆိုသွားသည်။

အစည်းဝေးတွင် လူ့အခွင့်အရေးကိစ္စ၊ ရွှေ့ပြောင်း အလုပ်သမားကိစ္စ၊ လူကုန်ကူးမှု ဆိုင်ရာကိစ္စ စသည်ဖြင့် သီးခြားစီ ဆွေးနွေးခဲ့ကြပြီး နောက်တကြိမ် ဆွေးနွေးပွဲကိုလည်း အာစီယံ အစည်းဝေးပွဲကြီး မတိုင်မီ ထပ်မံပြုလုပ်မည်ဟု သိရသည်။