နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 7 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ PDF Print E-mail
Monday, 21 June 2010 18:27

daw_su_01ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်ရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများက (၆၅)နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည့် မွေးနေ့ပွဲနှင့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို တကွန်ပါမြို့နယ်၊ ဘန်နီယန်ရှိ ဆမ်ဆောင်း ကွန်မြူနတီစင်တာတွင် ပြုလုပ်ခဲ့ကြသည်။

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ လက်ထောက်ဒါရိုက်တာ မပိုပိုက “လွတ်လပ်မှုဆိုတာ လူတိုင်းရဲ့ အခြေခံ လူ့အခွင့်အရေး တရပ်ဖြစ်သလို လူတိုင်းဟာ လွတ်လပ်မှုကို လိုအပ်ပါတယ်။ ကျမတို့ အားလုံးဟာ လူထုခေါင်းဆောင်တွေနဲ့ထပ်တူ လွတ်လပ်မှု၊ တရားမျှတမှုရှိတဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးကို လိုလားတယ်၊ ထောက်ခံတယ်ဆိုတာကို ပြသခြင်းအားဖြင့် ဒီမွေးနေ့ပွဲကို ကျင်းပရတာ ဖြစ်ပါတယ်”ဟု အဖွင့် အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတဦးက “ကျမတို့ အမျိုးသမီးတွေအနေနဲ့ အိမ်ထဲမှာ ပုခက်လွှဲရင်းနဲ့ အချိန်ကုန် မခံဘဲ ကိုယ့်ရဲ့နစ်နာမှုတွေ၊ ဆုံးရှုံးမှုတွေအတွက် ရဲရဲရင့်ရင့် တိုက်ပွဲဝင်ကြပါ။ ကျမတို့ရဲ့ လူထုခေါင်းဆောင် အမေစုလိုပဲ အကြောက်တရား ကင်အောင်နေကြပါ” ဟု ပြောကြားသွားသည်။

အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ထူးချွန်သော မြန်မာအမျိုးသမီး ခေါင်းဆောင်များ၏ သမိုင်းကြောင်းများကို တင်ဆက်ပြသခဲ့သည်။ လူငယ့်သိပ္ပံကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများကလည်း အမျိုးသမီးအခွင့်အရေးနှင့် အမျိုးသမီးများအတွက် ခွန်အားဖြစ်စေမည့် သံချပ်အား ရွတ်ဆိုပြီး ဂုဏ်ပြုခဲ့ကြသည်။

အခမ်းအနား တက်ရောက်လာသူများကို ဥာဏ်စမ်းမေးခွန်းများ မေးမြန်းပြီး အဖြေမှန်သူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။ ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်ရန်အတွက် ဖယောင်းတိုင် မီးထွန်းပြီး တမိနစ်ငြိမ်သက်ကာ ဆုတောင်းပေးခဲ့ကြသည်။

အခမ်းအနားကို ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)က ဦးဆောင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၊ ရွှေ့ပြောင်းအလုပ်သမားများ၊ နိုင်ငံခြားသား စေတနာ့ ၀န်ထမ်းများနှင့် NGOs ၀န်ထမ်းများ စုစုပေါင်း လူအင်အား (၈၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

daw_su_05