နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 7 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

လက်မှတ်မရှိသော အလုပ်သမား (၈၃၀) ဖမ်းဆီးခံရ PDF Print E-mail
Monday, 21 June 2010 14:11

burmese_migrant_worker_830ထိုင်းနိုင်ငံအတွင်းရှိ နေထိုင် အလုပ် လုပ်ကိုင်ခွင့် လက်မှတ်မရှိသော အလုပ်သမားများကို စီမံချက်ဖြင့် ဖမ်းဆီးခဲ့ရာ အလုပ်သမား (၈၃၀)ဦးဖမ်းဆီးခံရပြီး မြန်မာအလုပ်သမား (၃၄၆)ဦး ပါဝင်ကြောင်း သိရသည်။

ဖမ်းဆီးခံရသော အလုပ်သမား (၈၃၀)မှာ မြန်မာ၊ လောနှင့် ကမ္ဘောဒီးယား အလုပ်သမား ဖြစ်ပြီး ယခုလ (၁၆)ရက်နေ့မှ (၁၉)ရက်နေ့အတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြာင်း ထိုင်းနိုင်ငံ ဗဟိုရဲဌာနချုပ်မှ ဗိုလ်ချုပ် စထန်စရန်နုန်နှင့် ဒုတိယ ဗိုလ်ချုပ် ဥဖုန်ကိုမာကုန်တို့က ပြောသည်။

အဓိက ဖမ်းဆီးခဲ့သည့် နေရာများမှာ ဆောက်လုပ်ရေး၊ စားသောက်ဆိုင်၊ ဖျော်ဖြေရေးနှင့် ဘောလုံး လောင်းကစား လုပ်နေသည့် နေရာများမှ ဖြစ်သည်။

ဖမ်းဆီးခံရ သူများအထဲတွင် မြန်မာလူမျိုး အများစု ပါဝင်နေသဖြင့် ရေရှည်တွင် ထိုင်းနိုင်ငံ အေးချမ်းသာယာရေးနှင့် လုံခြုံရေးကို ထိပါးလာနိုင်ဖွယ်ရှိပြီး လုယက်မှုများ ပေါ်ပေါက်လာနိုင်သောကြောင့် အထူး သတိထားရမည်ဖြစ်ကြောင်း ထိုင်းဘာသာဖြင့် ရေးသားထုတ်ဝေသည့် ခေါင်စွတ်သတင်းစာတွင် ဖေါ်ပြထားသည်။