|
Who's Online
We have 13 guests online
Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။
|
|
ရွှေ့ပြောင်း အလုပ်သမား (၁၅၄)ဦး စတင် အဖမ်းခံရပြီ |
|
|
|
|
Monday, 21 June 2010 12:45 |
|
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ထုံဘူရီနယ်မြေ အမှတ်(၈)အတွင်းရှိ မြန်မာနှင့် လောနိုင်ငံသား (၁၅၄)ဦးကို ယခုလ (၁၈)နေ့ ညနေက ဖမ်းဆီးလိုက်ကြောင်း ထိုင်းနိုင်ငံထုတ် ဒေးလီးနယူး သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။
ပြီးခဲ့သည့် (၁၆)ရက်နေ့က ထိုင်းနိုင်ငံအတွင်းရှိ တရားမ၀င် ရွှေ့ပြောင်း အလုပ်သမားများအား ဖမ်းဆီးရန် ကော်မတီ ဖွဲ့မည်ဟု ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ်က လွှတ်တော်တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ပြီးနောက် ယခုလို စတင် ဖမ်းဆီးခြင်း ဖြစ်သည်။
အဆိုပါ ဖမ်းဆီးမှုတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ထိုင်းလူမျိုး (၄)ဦးလည်း ပါဝင်ပြီး ဖမ်းဆီးခံရသူ စုစုပေါင်းမှာ (၁၅၈)ဦးဖြစ်သည်။
အမှတ်(၈)နယ်မြေ ရဲစခန်းက မြို့နယ် တရားရုံးမှ ဖမ်းဆီအမိန့် (၁၄)စောင်ကို ထုတ်ယူခဲ့ရာ အဆိုပါ ဖမ်းဆီး အမိန့်တွင်၊ မူးယစ်ဆေးဝါး၊ လက်နက်နှင့် တရားမ၀င် အလုပ်သမားများ ဖမ်းဆီးရေးတို့ ပါဝင်သည်ဟု သိရသည်။ |
|