နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 6 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

လက်မှတ်မရှိသူများကို ဖမ်းမည်၊ ငွေယူပြီး ပြန်လွှတ်ပေးသူများကိုလည်း အရေးယူမည် PDF Print E-mail
Friday, 18 June 2010 11:08

santanထိုင်းနိုင်ငံ၏ အေးချမ်းသာယာရေး အရေးပေါ်ဥပဒေ မရုတ်သိမ်းမီ အလုပ်သမားလက်မှတ် မရှိသူ ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးမည်ဖြစ်ပြီး ဖမ်းမိသူများကို ငွေယူပြီး ပြန်လွှတ်ပေးသည့် ၀န်ထမ်းများကိုလည်း ထိရောက်စွာ အရေးယူသွားမည်ဟု သိရသည်။

ရွှ့ပြောင်း အလုပ်သမားများအား ဖမ်းဆီးရန် သက်ဆိုင်ရာ ဌာနများနှင့် သီးသန့် ဖွဲ့စည်းသွားမည်ဟု ဒုတိယဝန်ကြီးချုပ်  စနမ်ကဂျို ပရာဆတ်က ယခုလ (၁၆)ရက်နေ့က ပြုလုပ်သည့် လွှတ်တော်ရုံးချုပ် အစည်းအဝေးအပြီးတွင် ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေကြသည့် မြန်မာ၊ လောနှင့် ကမ်ဘောဒီယား နိုင်ငံသားများအနက် မြန်မာနိုင်ငံသား အများစုမှာ တရားမဝင် လုပ်ကိုင်နေကြသဖြင့် ဖမ်းဆီးခံရမည် ဖြစ်ပြီး လက်ခံထားသော အလုပ်ရှင်များကိုလည်း ထိရောက်စွာ အရေးယူမည်ဖြစ်သည်။

လူကုန်ကူးမှုနှင့် ပတ်သက်သူများကို ဖမ်းမိရာတွင်လည်း ငွေယူပြီး ပြန်လွှတ်ပေးခြင်းများရှိပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်သည်။

ဗဟိုရဲဌာနချုပ်မှ ဗိုလ်ချုပ် စတ်ထန် ချိုင်ယာနွန်းကလည်း ဘန်ကောက်မြို့ရှိ ရဲစခန်းများကို နယ်မြေအတွင်း စစ်ဆေးမှုများ ပြုလုပ်ရန် ဇွန်လ (၁၆)ရက်နေ့က တပ်လှန့်ထားခဲ့သည်။

ဆန္ဒပြပွဲများ ပြုလုပ်လာမည်ကို စိုးရိမ်သောကြောင့် လူအများရှိသော မြေအောက်ရထား ဘူတာရုံ၊ မိုးပျံရထားဘူတာရုံ၊ ကုန်တိုက်ကြီးများ၊ အဓိက အချက်ချာကျသော အစိုးရ အဆောက်ဦးများ၌ မှတ်ပုံတင် စစ်ဆေးခြင်း မူးယစ်ဆေးဝါးနှင့် လက်နှက်များ စစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဟု ထိုင်းဘာသာဖြင့် ရေးသားထားသည့် dailynews online သတင်းတွင် ဖေါ်ပြထားသည်။