နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 6 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးရန် ထိုင်းအစိုးရ အမိန့်ထုတ် PDF Print E-mail
Friday, 18 June 2010 08:20

migrant_workerထိုင်းနိုင်ငံအတွင်း ၀င်ရောက် အလုပ်လုပ်ကိုင်နေသော တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးရန် အမိန့်ကို ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဝိချာချီဝက ဇွန် (၂) ရက် ရက်စွဲဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။

ထိုအမိန့်၌ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်နေသော မြန်မာအပါအ၀င် အိမ်နီးချင်း နိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားများအား နိုင်ငံသား စိစစ်ရေးပြုမှု လုပ်ငန်းစဉ်အား သက်တမ်း ကာလ (၂) နှစ် တိုးပေးပြီး နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် ပြီးမြောက်ရေးအတွက် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ လအထိ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ရှိမည် ဖြစ်သည်ဟု ဖော်ပြထားသည်။

၎င်းကာလ ကျော်လွန်ပါက နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှုကို အာဏာပိုင်များအနေဖြင့် တိတိကျကျ ဟန့်တား ကာကွယ်သွားရမည်ဟု အတိအလင်း ဖော်ပြထားသည်။ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်အတွင်း ပါဝင်ခြင်း မရှိသည့် အလုပ်သမားများအား ဖမ်းဆီးတရားရုံးတင်ခြင်း၊ အလုပ်သမားများအား နိုင်ငံတွင်းသို့ တရားမ၀င် သယ်ဆောင်လာသူများနှင့် တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများအား လက်ခံသည့် လုပ်ငန်းရှင်များအား ဖမ်းဆီးအရေးယူခြင်းတို့ကို လုပ်ပိုင်ခွင့်ရှိကြောင်း ဖော်ပြပါရှိသည်။

အဆိုပါ ဆုံးဖြတ်ချက် အကောင်အထည် ဖော်ရေးအတွက် အထူးစင်တာတခု ဖွင့်လှစ်မည်ဖြစ်ပြီး အလုပ် သမားဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ တော်ဝင်ရဲဌာနရုံး၊ စစ်တပ်နှင့် ရေတပ်တို့မှ ပူးပေါင်းဆောင် ရွက်ရမည်ဖြစ်သည်ဟု အမိန့်တွင် ဆက်လက်ဖော်ပြထားသည်။ ၎င်းစင်တာအား ဒုဝန်ကြီးချုပ် စနမ် ကဂျို ပရာဆတ် ဦးဆောင်သည့် ကောက်မတီတစ်ရပ်က ဦးဆောင်မည်ဖြစ်ပြီး အဆိုပါ ကော်မတီတွင် အလုပ်သမားဝန်ကြီးက အတွင်းရေးမှူး တာဝန်ကို ရယူမည်ဖြစ်သည်။ ထိုကော်မတီ၏ အောက်တွင် လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရေး ကော်မတီခွဲ (၅) ခု ရှိမည်ဖြစ်သည်။

ဝန်ကြီးချုပ်၏ အမိန့်အသစ်နှင့် ပတ်သက်ပြီး ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ အလုပ်သမားရေးရာ တာဝန်ခံ ဦးမိုးဝေက “၀န်ကြီးချုပ်အနေနဲ့ အောက်ခြေက အလုပ်သမားတွေ အခြေအနေ သေသေခြာခြာမသိဘဲ ဒီအမိန့် ထုတ်လိုက်တဲ့အတွက် အလုပ်ရှင်နဲ့ အလုပ်သမားတွေမှာ ထိခိုက်နစ်နာမှုတွေ ဖြစ်လာနိုင်တယ်။ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရနဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းဖြေရှင်းမှ အဆင်ပြေမှာ။ ၀န်ကြီးချုပ်က အလုပ်သမားတွေရဲ့ ဘ၀ကို နားလည်ဖို့ လိုတယ်” ဟုပြောသည်။

အဆိုပါအမိန့် အသစ်ကြောင့် တရားမ၀င် အလုပ်သမား ပြဿနာကို မဖြေရှင်နိုင်ယုံမျှမက ရဲနဲ့ ဒေသခံ အာဏာပိုင်တို့အကြား လဒ်စားမှု၊ အနိုင်ကျင့်မှုများ ပိုမိုတိုးပွားလာနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက သုံးသပ်ကြသည်။