|
Who's Online
We have 6 guests online
Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။
|
|
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း မြန်မာ အလုပ်သမားများအတွက် အာမခံလုပ်ငန်း သီးခြားလုပ်သင့် |
|
|
|
|
Thursday, 17 June 2010 15:40 |
|
ထိုင်းနိုင်ငံ အစိုးရက ထုတ်ပြန်ကြေညာခဲ့သည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအတွက် အာမခံ ကော်ပိုရေးရှင်း တည်ထောင်ခွင့်ပြုရေး ကိစ္စသည် ရေရှည်တွင် ထိုင်းနိုင်ငံသားများနှင့် ရှုပ်ထွေးလာနိုင်သောကြောင့် သီးခြား လုပ်ကိုင်သင့်ကြောင်း ထိုင်းဘာသာဖြင့် ရေးသားထားသည့် မက်သီချွန်း သတင်းတွင် ယမန်နေ့က ဖော်ပြထားသည်။
ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖိုင်ထုံကယောက်ထောင်က မြန်မာ အလုပ်သမားများအတွက် အာမခံခြင်းကို ထိုင်းလူမျိုးများနည်းတူ လုပ်ကိုင်ခွင့်ပေးသင့်ကြောင်း ဇွန်လ၂ ရက်နေ့က ပြုလုပ်သည့် ထိုင်းအလုပ်သမားဝန်းကြီးဌာန အစည်းအဝေးတွင် တင်ပြခဲ့သည်။ အဆိုပါကိစ္စကို အစည်းဝေး တက်ရောက်လာကြသည့် အလုပ်သမားဝန်းကြီးဌာန လက်အောက်ခံ အဖွဲ့အစည်း ကိုယ်စားလှယ်များက အတူတူ မလုပ်ကိုင်သင့်ကြောင်း ကန့်ကွက်ခဲ့ကြသည်။
ထိုင်းနိုင်ငံသားများအနေဖြင့် အလုပ်အကိုင် အခက်အခဲများနှင့် အခြား အကျပ်အတည်းများ ကြုံနေရပါက အလုပ်အကိုင် ရှာဖွေရေးရုံးတွင် သွားရောက် အကူအညီ တောင်းခံနိုင်သည်။ အလုပ်အကိုင် မရမီကာလအတွင်း နေထိုင် စားသောက်စရိတ်များ ထုတ်ပေးခြင်းနှင့် အလုပ်အကိုင် ရှာဖွေပေးခြင်းများ လုပ်ပေးလေ့ ရှိသည်။
ထိုသို့ ထိုင်းနိုင်ငံသားများ ရရှိနေသည့် အခွင့်အရေးမျိုး မြန်မာ အလုပ်သမားများအား ခွင့်ပြုပါက နောင်တချိန်ချိန်တွင် ပြဿနာ တက်လာနိုင်ကြောင်း၊ လက်ရှိ ထိုင်းနိုင်ငံ အတွင်းရှိ မြန်မာအလုပ် သမား အရေတွက်၊ ကလေးမွေးဖွားနှုန်း အပါအ၀င် အခြားသော ကိစ္စရပ်များနှင့် ရွှေ့ပြောင်း အလုပ်သမားများ၏ အနေအထားများအား ဝေဖန် ထောက်ပြသွားပြီး အဆိုပါ အာမခံ ကော်ပိုရေးရှင်းလုပ်ငန်းကို စဉ်းစားသင့်ကြောင်း သတင်းစာတွင် ရေးသားထားသည်။
လုပ်ငန်းပိုင်ရှင်ထံမှ အလုပ်သမားတစ်ဦးလျှင် တစ်နှစ်အတွက် ဘတ်ငွေ (၅၀၀) ကောက်ခံပြီး အကောင်းအထည် ဖော်မည်ဖြစ်သည်။ ထိုင်းအစိုးရအနေဖြင့် လုပ်ငန်းရှင်များထံမှ ရွှေ့ပြောင်းအလုပ်သမားများ အရေတွက်အလိုက် ကောက်ခံမည် ဖြစ်သည်။ သို့သော် ၄င်းငွေများအတွက် လုပ်ငန်းရှင်များက အလုပ်သမားများအပေါ် မည်သို့မည်ပုံ ဖြတ်တောက် ကြမည်ကို ရှင်းလင်းစွာ ဖော်ပြထားခြင်းမရှိပေ။ |
|