နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 6 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

မြန်မာအလုပ်သမားများ အမှုရင်ဆိုင်နေစဉ် ဖမ်းဆီးခြင်းမပြုရန် တောင်းဆိုမည် PDF Print E-mail
Wednesday, 16 June 2010 13:30

ngo_meetingထိုင်းနိုင်ငံ၊ မဲဆောက်မြို့နှင့် ပတ်ဝန်းကျင်မြို့များရှိ အမှုရင်ဆိုင်နေရသော မြန်မာအလုပ်သမားများ တရားရုံးနှင့် အလုပ်သမားရုံးများသို့ သွားလာရာတွင် ဖမ်းဆီးခြင်း မပြုလုပ်ရန် ထိုင်းအစိုးရအား တောင်းဆိုသွားမည်ဟု သိရသည်။

မဲဆောက်မြို့မှ  မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေကြသည့် MAP Foundation, မြန်မာနိုင်ငံ ရှေ့နေများကောင်စီ၊ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့၊ ရခိုင်အလုပ်သမား လှုပ်ရှားမှုအဖွဲ့၊ ပန်းကံ့ကော် အလုပ်သမားအဖွဲ့၊ အဝေးရောက် ဧရာဝတီအသင်း၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့် မြန်မာ့အရေး ပူးတွဲလှုပ်ရှားမှု ကော်မတီတို့က ယမန်နေ့က အစည်းအဝေး ပြုလုပ်ခဲ့ကြပြီး ထိုင်းအစိုးရထံ တင်ပြမည့် အချက်အလက်များ ညှိနှိုင်း ပြင်ဆင် နေကြသည်ဟု သိရသည်။

မဲဆောက်မြို့ MAP Foundation ၏ အလုပ်သမားသမား အခွင့်အရေး မန်နေဂျာ ကိုအေးက “အရင်လတုန်းက နေထိုင်မကောင်းလို့ ဆေးကုနေရတဲ့ လူတွေကို မဖမ်းဆီးဖို့ ကျနော်တို့ တောင်းဆိုခဲ့လို့ ထိုင်းအစိုးရ လိုက်လျောပေးခဲ့တာ ရှိပါတယ်။ ပြီးတော့ မကြာခင်ကမှ ထိုင်းအစိုးရက ထုတ်ပြန်ခဲ့တာ ရှိပါတယ်။ လူကုန်ကူးခံရသူတွေကို ထိုင်းမှာ တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရအောင် ကူညီပေးမယ်လို့၊ အဲဒီလိုပဲ အခု အမှုရင်ဆိုင် နေကြရတဲ့ မြန်မာအလုပ်သမားတွေကိုလည်း အမှုရင်ဆိုင် နေစဉ်အတွင်း မဖမ်းဆီးဖို့ပေါ့နော်၊ ဖြစ်နိုင်တယ်လို့တော့ ကျနော်ထင်ပါတယ်”ဟု ပြောသည်။

မြန်မာအလုပ်သမားများမှာ ၎င်းတို့၏ နစ်နာမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများအား တိုင်ကြားရန် အလုပ်သမားအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အလုပ်သမားရုံးနှင့် တရားရုံးများသို့ သွားလာရာတွင် ဖမ်းဆီး ခံရမှုများကြောင့် ထပ်မံပြီး နစ်နာကြရသဖြင့် ယခုကဲ့သို့ ဆောင်ရွက်ကြခြင်းဖြစ်သည်ဟု သိရသည်။

တချို့အလုပ်သမားများမှာ ၎င်းတို့၏ နစ်နာမှုအတွက် တိုင်ကြားချင်သော်လည်း အမှုရင်ဆိုင်ရန် သွားလာသည့်အခါ ဖမ်းဆီးမည်ကို ကြောက်သဖြင့် တိုင်ကြားမှုများ မရှိဘဲ ငြိမ်ခံနေကြရသည်ဟု အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောပြသည်။

တာ့ခရိုင်အပါအ၀င် နခဆ၀န်မှစ၍ ခရိုင်ဆယ်ခုအတွင်း အမှုရင်ဆိုင်နေရသည့် အလုပ်သမားများအား ဖမ်းဆီးခြင်း မပြုလုပ်ရန် ထိုင်းအစိုးရထံသို့ လာမည့် စက်တင်ဘာလတွင် နောက်ဆုံးထား တောင်းဆိုသွားကြမည်ဖြစ်သည်။