နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 35 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

ထိုင်းနိုင်ငံ ရနောင်းမြို့တွင် မြန်မာနိုင်ငံသား စီစစ်ရေးရုံး ဖွင့်မည် PDF Print E-mail
Tuesday, 15 June 2010 04:51

temporary_passportထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးပြီးနောက် မြန်မာနိုင်ငံသား စီစစ်ရေးရုံးအား ထိုင်းနိုင်ငံ၊ ရနောင်မြို့၌ လာမည့် ဇူလိုင်လတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

မေလ(၁၀) ရက်နေ့က ရနောင်းမြို့၌ ပြုလုပ်သော အစည်းအဝေးတွင် ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်းကြီးဌာန အကြီးအကဲ နိုင်စုန်ဖ၀ျူးခွန်၊ ရနောင်းခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူး နိုင်ကီလိုဝပ်ဖုန်နနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဦးအောင်သင်းနှင့် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယခုလို ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါရုံးတွင် ထိုင်းဝန်ထမ်း (၂၀)ဦး ၀င်ရောက် လုပ်ကိုင်မည်ဖြစ်ပြီး နေ့စဉ် မြန်မာ အလုပ်သမား(၈၀၀)အတွက် ယာယီပတ်စ်ပို့ လုပ်ကိုင်ပြီးစီးနိုင်မည်ဟု ထိုင်းနိုင်ငံဘက်က ခန့်မှန်းထားသည်။ အကယ်၍ ရနောင်းရုံး တစ်ခုတည်းဖြင့် ပြီးစီးနိုင်မှု မရှိပါက မဲဆောက်နှင့် မယ်ဆိုင်မြို့များတွင် မြန်မာနိုင်ငံသား စီစစ်ရေးရုံးများ တိုးမြှင့် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

ယာယီပတ်စ်ပို့ လုပ်ကိုင်မည့် ခရီစဉ်များ အဆင်ပြေစေရန်၊ ငွေကြေး သက်သာစေရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှုများအား လူဝင်မှု ကြီးကြပ်ရေးအဖွဲ့က ဂရုစိုက် စောင့်ကြပ်သွားမည်ဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ နေထိုင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်(ဘတ်) လုပ်ထားသည့် မြန်မာအလုပ်သမား အရေအတွက် (၁၀၇၉၉၉၁)ယောက် ရှိခဲ့ပြီး ယာယီပတ်စ်ပို့ လုပ်ကိုင်ရန်အတွက် လျှောက်လွှာဖြည့်ထားသူမှာ (၈၃၃၀၁၃)ယောက်သာ ရှိသည်ဟု ထိုင်းဘာသာဖြင့် ထုတ်ဝေသည့် ခုန်ဆလု သတင်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် ယာယီပတ်စ်ပို့ ရပြီးသူ (၉၄၀၀၀) ရှိပြီး လာရောက်မှတ်ပုံ မတင်သော (၂၄၆ ၉၇၈)ယောက်အား ပြည်ထဲရေးဌာနနှင့် လူဝင်မှုကြီးကြပ်ရေး ဌာနတို့က ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းလည်း ခုန်ဆလု သတင်းစာတွင် ဆက်လက်ဖော်ပြထားသည်။

ရနောင်းခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူးက ယခုကဲ့သို့ လုပ်ကိုင်ခြင်းကြောင့် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု ပိုမိုရရှိနိုင်ပြီး နှစ်နိုင်ငံလုံးအတွက် အကျိုးဖြစ်ထွန်းလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။