နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 6 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

မြေပြိုကျသဖြင့် မြေတူး အလုပ်သမားနှစ်ဦး သေဆုံး၊ တဦးဒဏ်ရာရ PDF Print E-mail
Wednesday, 09 June 2010 05:23

မိုးများရွာသွန်း၍ မြေပြိုကျသဖြင့် မြေတူးသည့် လုပ်ငန်းခွင်မှ အလုပ်သမားနှစ်ဦး သေးဆုံးပြီး တဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယခုလ (၆)ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူများမှာ ထိုင်းအလုပ်သမားတစ်ဦးနှင့် မြန်မာအလုပ်သမားတစ်းဦး ဖြစ်ပြီး ဒဏ်ရာရရှိသူမှာလည်း မြန်မာတဦးဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ ရုပ်မြင်သံကြား အမှတ် (၇)နှင့် (၃)မှ ယခုလ (၈)ရက်နေ့က ထုတ်လွှင့်ပြသခဲ့သည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်နယ်ရှိ၊ ပထိုးမြို့၊ ပါသောင်ရွာ၊ နာနိုင်လမ်းသွယ် (၁)မှ မြေတူးသည့် လုပ်ငန်းခွင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူ မြန်မာအလုပ်သမားမှာ မကွေးတိုင်း ပေါက်မြို့နယ် တောင်ဘက်ရွာမှ အသက်(၃၅)နှစ် အရွယ် ကိုမင်းနိုင်ဆိုသူဖြစ်သည်။

မြေပြိုကျပြီးနောက် မြေအောက်တွင် ပိနေသူများအား စက်ကြီးများဖြင့် တူးဖေါ်ရှာဖွေခဲ့ရာ ကိုမင်းနိုင်မှာ ပွဲချင်းပြီး သေဆုံးနေခဲ့ပြီး ထိုင်းအလုပ်သမားမှာ ဒဏ်ရာ ပြင်းထန်းသဖြင့် ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့သည်။ နာရီဝက်ခန့် ကြာပြီးမှ နောက်ထပ် မြန်မာတစ်ဦးကို တူးဖော်ရရှိခဲ့သော်လည်း ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သည်ဟု ထိုင်းနိုင်ငံ တောင်ပိုင်းထုတ် စရံတိုက် သတင်းစာတွင် ဖော်ပြထားသည်။

ဖူးခက်နယ်သို့ အသစ်ရောက်ရှိလာသော စခန်းမှူးက မြေပြိုကျပြီး လူသေဆုံးသည့် နေရာသို့ သွားရောက်ကာ စစ်ဆေးခဲ့သည်။

ရဲအရာရှိက ယခင်ကတည်းက မြေလုပ်ငန်းများအတွက် စိုးရိမ်းမိခဲ့ကြောင်း၊ သို့သော်လည်း မြေတူးလုပ်ငန်းနှင့် တောင်များရှိသည့် နေရာများတွင် တာဝန်မကျသေးသည့်အတွက် အကောင်အထည် မဖော်ရသေးကြောင်း၊ ယခု သူစိုးရိမ်ခဲ့သည့် အန္တရာယ်ရှိသည့် မြေလုပ်ငန်းခွင် နယ်မြေအတွင်းသို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် မြေလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး အလုပ်သမားများ ဘေးအန္တရာယ် လုံခြုံရေးအတွက် ညှိနှိုင်း အဖြေရှာသွားမည်ဖြစ်ကြောင်း သတင်းစာတွင် ရေးသားဖော်ပြထားသည်။