နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 6 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

ဆူနာမီ သတိပေးချက်ကြောင့် ကြိုတင်ပြင်ဆင် PDF Print E-mail
Tuesday, 08 June 2010 12:16

IMG_2932ယခုလ (၁၂)ရက်နေ့တွင် ဆူနာမီ ဖြစ်ပွားနိုင်သည် ဟူသော သတင်းထုတ်ပြန်ချက်များကြောင့် ထိုင်းနိုင်ငံ တောင်ပိုင်း ဒေသများတွင် ကယ်ဆယ်ရေးအတွက် အစမ်းလေ့ကျင့်မှုနှင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ထိုင်းအစိုးရ ကယ်ဆယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းစောင့်ရှောက်ရေး အဖွဲ့များအပါအ၀င် ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်င အခြေစိုက် NGO များဖြစ်သော IOM, SNFနှင့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)အဖွဲ့များက ပူးပေါင်းပြင်ဆင်နေကြသည်။ ပင်လယ်ကမ်းခြေနှင့် ထိစပ်နေသော တကွန်ပါ၊ ကူရပူရီ၊ တကွာထုံး၊ ထိုင်းမွန် စသည့် မြို့နယ် (၄)ခုအား အဓိကထားကြောင်း သိရသည်။

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖေါင်ဒေးရှင်း(FED)မှ ဆူနာမီကယ်ဆယ်ရေး ကော်မတီဝင် ကိုမိုးဝေက “ထိုင်းမိုးလေ၀သနှင့် ဇလဗေဒ အပါအ၀င် ထိုင်းသတင်းဌာနတွေက လာမယ့် မေလ (၁၂)ရက်နေ့မှာ ဆူနာမီ အထူးသတိပေး ထားပါတယ်။ ကျနော်တို့ကတော့ မေလ (၁၁)ရက်၊ (၁၂)ရက်နဲ့ (၁၃)အထိ စောင့်ကြည့်ဖို့ ပြင်ဆင်ထားပါတယ်။ ဒီ့မတိုင်ခင် ဟယ်လီကော့ပတာ(ရဟတ်ယာဉ်)နဲ့ ဝဲနေတယ်။ သင်္ဘောတွေက ရေထဲက လူတွေကို ဆယ်ယူတယ်။ ကမ်းစပ်မှာ လူနာတင်ကားတွေ၊ အလောင်းတင်ကားတွေ စသဖြင့် တကယ်ဖြစ်နေတဲ့ အနေအထားနဲ့ ကျနော်တို့ လေ့ကျင့်ပြင်ဆင်ထားပါတယ်။ ပြီးတော့ ဘေးလွတ်ရာမှာ တည်းခိုးဆောင်၊ စားသောက်စရာ၊ ဆေးဝါး၊ သူနာပြု စတာတွေ အဆင်သင့်ပြင်ဆင်ထားပြီး ဖြစ်ပါတယ်”ဟု ပြောသည်။

အရေးပေါ် ဆေးရုံကား (၁၀)စီနှင့် FED မှ ဟိုင်းလတ်ကား (၄)စီးကိုလည်း အဆင်သင့် ပြင်ထားသည်ဟု သိရသည်။

၂၀၀၄ ခုနှစ် ဆူနာမီ ဘေးအန္တရာယ် ကျရောက်စဉ်က ဒေသတွင်း ထိုင်းလူမျိုးများက ထိုင်းအိမ်များမှ ပစ္စည်းများအား မြန်မာအလုပ်သမားများ ခိုးဝှက်ကြောင်း စွတ်စွဲပြောဆိုမှုများ ရှိခဲ့သဖြင့် ယခုအခါတွင် ထိုင်းတစ်ယောက် မြန်မာတစ်ယောက် ကယ်ဆယ်ရေးအဖွဲ့ အင်္ကျီများဝတ် ဆင်ပြီး ပူးတွဲ ဆောင်ရွက်ကြမည် ဖြစ်သည်။ ကယ်ဆယ်ရေးအင်္ကျီမှာ အနက်ရောင် ဝေ့စကုတ်ဖြစ်ပြီး အစိုးရ ကယ်ဆယ်ရေး လက်ဝါးတံဆိပ် အပါအ၀င် အခြားအဖွဲ့အစည်းများ၏ အမှတ်အသားများအား ရိုက်နှိပ်ထားသည်။

FEDမှ ဆူနာမီဆိုင်ရာ အဖွဲ့ဝင် သတင်းထုတ်ပြန်ရေး တာဝန်ရှိသူ ကိုသောမတ်စ်က “မြန်မာအလုပ်သမားတွေ သတင်း အချက်အလက်တွေ မှန်မှန်ကန်ကန် ရရှိဖို့၊ မတိကျပဲ မထိတ်လန့်အောင်၊ ဖြစ်လာရင် အကောင်းဆုံး ပြင်ဆင်နိုင်အောင် တယ်လီဖုန်းတွေနဲ့ ဆက်ပါမယ်။ အနီးပတ်ဝန်းကျင်ကိုတော့ သတိပေးချက် လက်ကမ်းစာစောင်တွေ ဖြန့်ဝေနေပါတယ်။ ဆူနာမီ အကယ်၍ ဖြစ်လာခဲ့ရင် အရေးပေါ်ပေါ့လေ ကြိုပို့တာတော့ မဖြစ်နိုင်တော့ဘူး။ သတ်မှတ်တဲ့နေရာကပဲ လုပ်နိုင်တော့မယ်။ အဲဒီသတ်မှတ်တဲ့ နေရာကို ရောက်အောင် လူတွေပြေးလာရပါမယ်။ အခု အယင်တုန်းက အတွေ့အကြုံတွေအရ လမ်းမပေါ်တက်ပြေးရင် ကားတိုက်လို့၊ ဆိုင်ကယ်တိုက်လို့ သေသွားတာတွေ ရှိပါတယ်။ အဲဒီလို မဖြစ်အောင် ကားလမ်းဘေးကပြေးဖို့ ဒေသခံ ထိုင်းတွေကိုရော မြန်မာအလုပ်သမားတွေကိုပါ အသိပေးထားပါတယ်”ဟု ပြောသည်။

မြန်မာအလုပ်သမားများ အနေဖြင့် FED ရုံး (ဖုန်းနံပတ်- 076 486 531)၊ ကိုမိုးဝေ (ဖုန်းနံပတ်- 087 277 3424)နှင့် ကိုသောမတ်စ် (ဖုန်းနံပတ်- 081 087 1535) များသို့ ဆက်သွယ်နိုင်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ထိုင်းအစိုးရအနေဖြင့် ၂၀၀၄ ခုနှစ် ဆူနာမီ ဖြစ်စဉ်တွင် ကြိုတင်ပြင်ဆင်နိုင်ခြင်း မရှိခဲ့သဖြင့် ထိခိုက်နစ်နာ ဆုံးရှုံးမှုများခဲ့ကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။ ယခုသတိပေးကာလအတွင်း အဆိုပါ ပူပေါင်းကယ်ဆယ်ရေး ကော်မီတီက အ၀တ်အထည်၊ ခြုံစောင်များ၊ သောက်ရေသန့်များ၊ ဆေးဝါးများနှင့် အစားအစာများ အဆင်သင့် စုဆောင်းထားပြီး ဖြစ်ကြောင်း သိရှိရသည်။