နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 5 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

မြန်မာအလုပ်သမားတစ်ဦး ပုဇွန်ကန် ရေဒလက်တွင် ငြိပြီးသေဆုံး PDF Print E-mail
Tuesday, 25 May 2010 09:53

prawn_lake01ထိုင်းနိုင်ငံတောင်ပိုင်း၊ နန်ယွန်မြို့ ရှစ်ကီလို ဈေးအနီးရှိ ပုဇွန်မွေးမြူရေးကန်မှ မြန်မာအလုပ်သမားတဦး ပုဇွန်အစာကျွေးရင်း ရေဒလက်တွင် အင်္ကျီငြိ၍ လူပါညပ်ဝင်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ အသက် (၂၅)နှစ်အရွယ် ပသျှူး(ခေါ်)မိုး ဆိုသူဖြစ်ပြီး တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်မှ ဖြစ်သည်။ ၎င်းတွင် အသက်(၂၀)အရွယ် ဇနီးဖြစ်သူ မိလေး(ထားဝယ်)နှင့် ရှစ်လအရွယ် သမီးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

လုပ်ဖော်ကိုင်ဖက်ဖြစ်သူ မခင်စန်းက “ ကျမခင်ပွန်းလည်း အစာသွားကျွေးတယ်လေ။ ကန်ချင်းကပ်ပဲ၊ လှေကရေထဲမှာ မျောနေတော့၊ အနားသွားကြည့်တယ်။ လူကိုမတွေ့ဘူး၊ အင်္ကျီပဲ မြင်ရတယ်။ ကျမကို သေဆုံးသူရဲ့ ဇနီးကခေါ်တယ်။ ကျမတို့ ရောက်လာတော့ ကျမယောက်ျားက မန်နေဂျာကို ခေါ်တယ်။ ဆေးရုံရောက်တော့မှ သေပြီဆိုတာ သိရတယ်။ မေလ(၂၂)ရက်၊ စနေ နေ့ည (၁၁)နာရီကျော် အချိန်မှာ ပုဇွန်စာကျွေးရင်း ဖြစ်တာပါ”ဟု ပြောသည်။

သေဆုံးသူအတွက် နစ်နာကြေး ရရှိခဲ့ခြင်း မရှိဟုလည်း မခင်စန်းက ပြောပြသည်။

အလောင်းကို တနင်္ဂနွေနေ့တွင် မီးသဂြိုဟ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပုဇွန်မွေးမြူရေး ကန်အတွင်း သေဆုံးသူနှင့် ဇနီး၊ မခင်စန်းတို့ လင်မယားနှင့် အသက်ကြီးသည့် မြန်မာတစ်ဦး စုစုပေါင်း အလုပ်သမား (၅)ဦးရှိကြောင်း သိရှိရသည်။