နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 4 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

လူကုန်ကူးသည့် ကားတိမ်းမှောက်၍ မြန်မာရွှေ့ပြောင်း အလုပ်သမား (၉) ဦးသေ၊ (၁၉)ဦးဒဏ်ရာရ PDF Print E-mail
Monday, 24 May 2010 08:42

accidentယမန်နေ့ ညနေ (၅)နာရီခွဲခန့်က မြန်မာရွှေ့ပြောင်း အလုပ်သမားများအား တင်ဆောင်လာသည့် ထိုင်းလူကုန်ကူးသည့်ကား သစ်ပင်နှင့် တိုက်မိပြီး တိမ်းမှောက်ခဲ့ရာ မြန်မာရွှေ့ပြောင်း အလုပ်သမား (၉)ဦး သေဆုံးခဲ့ပြီး (၁၉)ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ထိုင်းနိုင်ငံ ဖက်ခ်ျပူရီရိုင်၊ ပလန်ပူလီမြို့အနီး စစ်ဆေးရေးဂိတ်၌ ထိုင်းရဲတပ်ဖွဲ့မှ စစ်ဆေးရန် တားမြစ်ခဲ့ရာ ရပ်မပေးဘဲ၊ မောင်းပြေးခဲ့ရာမှ ကုန်းအကွေ့တွင် သစ်ပင်နှင့် တိုက်မိပြီး တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာရွှေ့ပြောင်း အလုပ်သမား (၂၈) ဦး တင်ဆောင်လာသည့် အဆိုပါကားသည် လူခုံအကွေ့ ဘိုင်ဖာလမ်း၊ ပလန်ဘူရီ ချအန်-ဖက်ခ်ျဘူရီခရိုင် မ၀င်မီ လမ်းဘေးရှိ သစ်ပင်နှင့် တိုက်မိရာတွင် (၈)ဦးမှာ ပွဲခြင်းပြီး သေဆုံးခဲ့ပြီး၊ နောက်(၁)ဦးမှာ ဆေးရုံပို့သို့ ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်း ဖြစ်သည်။ ဒဏ်ရာ ရသူများမှာ ချအန်ဆေးရုံ၌ ဆေးကုသမှု ခံယူလျှက်ရှိသည်။

တာဝန်ရှိသူများက ကားမောင်းသူ ထိုင်းလူမျိုး နိုင်ချုံဖော် ပန်ချဝန် အသက် (၅၁)နှစ်အား ထိမ်းသိမ်းထားပြီး တရားဥပဒေအရ အရေးယူသွားမည်ဟု သိရသည်။

စစ်ဆေးချက်အရ အဆိုပါ အလုပ်သမားများကို ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့မှ ခေါ်ဆောင်လာပြီး စမုစခွန်ခရိုင် တွင်ရှိသော ထိုင်း အလုပ်ရှင်ထံသို့ ပို့ဆောင်ရန်ဖြစ်သည်။

အဝေးပြေး ကားလမ်း ထိမ်းသိမ်းစောင့်ကြည့်ရေး ရဲများက မရမက လိုက်လံ ဖမ်းဆီးခဲ့ရာမှ မောင်းပြေးခဲ့သော အလုပ်သမားများ တင်ဆောင်လာသည့်ကားသည် သစ်ပင်နှင့် ၀င်တိုက်ပြီး လမ်းပေါ်တွင် အခုလို သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြခြင်း ဖြစ်သည်။

Sources: Thai News Agency နှင့် ထိုင်း ရုပ်မြင်သံကြား - ၇ (วันอาทิตย์ ที่ 23 พ.ค. 2553)