နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 6 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

အသက် (၉)နှစ်အရွယ် မြန်မာမိန်ကလေးငယ်တဦး ရက်စက်စွာ သတ်ဖြတ်ခံရ PDF Print E-mail
Friday, 14 May 2010 15:16

than_hlaing_htweဦးခေါင်းတွင် ပြင်းထန်သော ဒဏ်ရာများဖြင့် သေဆုံးနေသည့် အသက်(၉)နှစ်အရွယ် မြန်မာမိန်းကလေးတဦး၏ အလောင်းကို ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ ထိုင်မွန်မြို့နယ်၊ လန်မကင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း အနောက်ဖက် ချောင်းထဲတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်မှာ ပန်းရံအလုပ်သမား ဦးတင်စိန်နှင့် ဒေါ်မိမိတို့၏ အငယ်ဆုံး သမီး မသန်းလှိုင်ထွေးဖြစ်ပြီး ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကတည်းက ပျောက်ဆုံးသွားခဲ့ရာမှ နှစ်ရက်အကြာ မေလ (၁၄)ရက်နေ့ နံနက်ပိုင်းတွင် အလောင်းကို  ရှာဖွေတွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ သေမှုသေခင်အတွက် ကူညီဆောင်ရွက်ပေးသူ ကိုယဉ်ထွေးက “ကလေးခေါင်းမှာ ဒဏ်ရာတွေနဲ့ နောက်စေ့ပွင့် နေပါတယ်။ ပြီးတော့ ဘယ်ဘက်နားရွက် တစ်ဖက်လည်း ပြတ်နေတယ်။ လည်ပင်းမှာလည်း ညိုမည်းနေတယ်။ လည်ပင်းကို အညစ်ခံရတဲ့ သဘောထင်တယ်။ အလောင်းကို ဆေးရုံးကိုယူမလို့ ပြင်ဆင်နေကြပါတယ်။ မနက်ဖြန်မှ သဂြိုဟ်ဖြစ်ပါမယ်”ဟု ပြောသည်။

ဖခင်ဖြစ်သူ ဦးတင်စိန်က “ကျနော့်သမီးလေးက အခန်းမှာ အိပ်နေခဲ့ပါတယ်။ နေ့လည်ကျတော့ အလုပ်နားချိန်ဆိုရင် သူ့အမေ အလုပ်လုပ်တဲ့ နေရာကို ရောက်လာလေ့ရှိပါတယ်။ အဲဒီနေ့က ရောက်မလာဘူး။ ကျနော်တို့က အိပ်နေလို့ မလာဘူးထင်နေတာ။ ညနေအလုပ်ပြီးတော့လည်း မတွေ့ဘူး။ လူတွေနဲ့ ၀ိုင်းရှာကြတယ်။ သမီးလေး တစ်ခုခုဖြစ်ပြီးဆိုတာ ကျနော်သိလိုက်ပြီ။ ကျနော့်မှာ ဘယ်သူနဲ့မှ ရန်ငြိုး ရန်စလည်း မရှိဘူး။ ကျနော်တို့ အလုပ်သမားတွေနေတဲ့ တန်းလျားကနေပြီးတော့ အလုပ်ကိုလာရင် ဘုန်းကြီးကျောင်း မရောက်ခင် ဈေးဆိုင်ကလေး တစ်ဆိုင်ကို ဖြတ်လာရတယ်။ ကလေးခိုးတယ် ဘာညာဆိုပြီးတော့များ ရိုက်သတ်လိုက်လားတော့ မသိဘူး။ ထင်တာပေါ့နော်၊ အတိအကျတော့ မသိဘူး”ဟု ပြောသည်။

အလုပ်သမားတန်းလျားမှာ  ဘုန်းကြီးကျောင်း အနီးတွင်ရှိပြီး ဘုန်းတော်ကြီး ကျောင်းဝင်းထဲတွင် အလုပ်လုပ်ကိုင် နေကြခြင်း ဖြစ်သည်။

ကလေးငယ်မှာ ဖန်ငဒေသရှိ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ဖွင့်လှစ်ထားသော ထုံခမီးကျောင်းတွင်း ပညာသင်ကြားနေသူဖြစ်ပြီး လာမည့် ပညာသင်နှစ်တွင် ဒုတိယတန်း တက်ရောက်ရမည်ဟု ပညာရေးဌာနတာဝန်ခံ ဦးမင်းသိမ်းကျော်မှ ပြောပြသည်။

“ကျနော်တို့ ကျောင်းက ကလေးပါ။ ပထမတန်းအောင်လို့ ဒုတိယတန်းကို တက်မယ့်ကလေးပါ။ ကျနော်တို့ ပညာရေးဌာနက ကျနော့်တို့ သားသမီးတွေပါ။ စိတ်မကောင်းဘူး။ ဒီကလေးက ယောက်ျားလေးလို နေတတ်တယ်။ တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်တဲ့အကျင့် ရှိတယ်။ ဘာမှအပြစ်မရှိတဲ့ ကလေးလေးတွေပါဗျာ”

ကလေးငယ်သေဆုံးမှုနှင့် ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်စေရန်အတွက် ဖန်ငဒေသ အခြေစိုက် NGOs များက ပူးပေါင်းပြီး ဆောင်ရွက်ပေးနေသည်ဟု သိရသည်။