နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 6 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

ကလေး ပို့သည့် ပွဲစားများနှင့် မိဘများ စိုးရိမ်နေ PDF Print E-mail
Wednesday, 12 May 2010 11:41

20100512_newsထိုင်းနိုင်ငံအတွင်းမှ မြန်မာအလုပ်သမားများက မိမိတို့၏ ကလေးငယ်များကို ပွဲစားများဖြင့် နေရပ်ရင်း မြန်မာနိုင်ငံသို့ ပြန်လည်းပို့ဆောင်ကြရာ ထိုင်းအာဏာပိုင်များက စစ်ဆေးပြီး အရေးယူမှုများ ပြုလုပ်တော့မည်ဟု သတင်းများ ထွက်ပေါ်လာခြင်းကြောင့် ပွဲစားများနှင့် မိဘများမှာ စိုးရိမ်မှုများ ရှိနေကြကြောင်း သိရသည်။

မြန်မာအလုပ်သမား အများစုမှာ ထိုင်းနိုင်ငံတွင် ကလေးမွေးဖွားပြီးနောက် အလုပ် လုပ်ကိုင်မှု အဆင်ပြေစေရန်နှင့် အလုပ်ရှင်၏ ငြိုငြင်မှု မခံရစေရန်အတွက် ကလေးများကို မြန်မာနိုင်ငံရှိ မိဘဆွေမျိုးများထံသို့ ပြန်လည် ပို့ဆောင်ကြသည်ဟု သိရသည်။

အထူးသဖြင့် အသက် (၆)လမှ (၁)နှစ်အရွယ်အတွင်းရှိ ကလေးငယ်များကို မြန်မာအသိုင်းအ၀ိုင်းနှင့် နီးစပ်သည့် ထိုင်းနိုင်ငံသား ပွဲစားတချို့နှင့် ပတ်စ်ပို့ ကိုင်ဆောင်ထားသည် မြန်မာပွဲစားတချို့က ထိုင်း- မြန်မာနယ်စပ် ရနောင်း၊ မဲဆောက်နှင့် မယ်ဆိုင်မြို့များသို့ ပို့ဆောင်ပေကြခြင်း ဖြစ်သည်။

ပို့ဆောင်ခအဖြစ် ကလေးငယ် တဦးလျှင် နေရာဒေသအလိုက် ဘတ်ငွေ (၄၀၀၀)မှ (၅၀၀၀) ပေးရပြီး နယ်စပ်မြို့များတွင် ကလေးများ၏ ဆွေမျိုးများက လာရောက် ခေါ်ဆောင်သွားကြသည်ဟု သိရသည်။

ကလေးများမှာ မိဘအရင်း မဟုတ်သောကြောင့် လမ်းခရီးတွင် မကြာမကြာ ငိုခြင်းနှင့် တချို့ကလေးများမှာ တခြားခရီးသည်များ စိတ်အနှောက် အယှက်ဖြစ်အောင် အငိုသန်ကြခြင်းကြောင့် ခရီးသည်များက တိုင်ကြားသဖြင့် ယခုလို စစ်ဆေးအရေးယူမည် သတင်းများ ထွက်လာခြင်း ဖြစ်နိုင်သည်ဟု ပွဲစားတချို့က သုံးသပ်သည်။

ဘန်ကောက်မြို့၊ အထည်ချုပ် စက်ရုံတခုမှ  မြန်မာအလုပ်သမား အမျိုးသမီးတဦးက “ကျမရဲ့အမမှာ ကလေးနှစ်လ သားလေးပါ။ အဲဒါ ကျမကို ပို့ခိုင်းတယ်။ ကျမမှာ ယာယီပတ်စ်ပို့ ရှိတယ်လေ။ ကြားရတဲ့သတင်းက ကလေးမိခင် ဟုတ်မဟုတ် မွေးစာရင်းနဲ့ တိုက်ကြည့်မယ်။ နာမည်တွေ စစ်ဆေးမယ်။ နို့ကို လှန်ခိုင်းမယ်။ နို့တိုက်ခိုင်းမယ်ဆိုတော့ ကျမက အပျိုရှင့်၊ အဖမ်းခံရရင်တော့ ခက်မယ်”ဟုပြောသည်။

ယခင်က ကလေးများကို ကယ်ရီပွဲစားများနှင့် နယ်စပ်သို့ ပို့ဆောင်ခဲ့သော်လည်း အခက်အခဲ တစ်စုံတစ်ရာ မရှိဘဲ ပွဲစားများအတွက် စီးပွားရေး လုပ်ငန်းတခုအဖြစ် ရှိနေခဲ့သည်။ ယခုကဲ့သို့ မိဘအရင်း မဟုတ်သည့် ကယ်ရီပွဲစားများအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးမည်ဟု သတင်းများ ထွက်ပေါ်လာသဖြင့် ကလေးပို့ရန် စီစဉ်ထားသည့် မြန်မာအလုပ်သမား အိမ်ထောင်သည်များမှာ အခက်ကြုံနေရကြောင်း သိရှိရသည်။