နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 5 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

ထိုင်းနိုင်ငံ မူးယစ်နှိမ်နင်းရေးမှ စိတ်ကြွဆေးပြား တသိန်းကျော်ဖမ်းဆီးရမိ PDF Print E-mail
Monday, 10 May 2010 09:05

20100510စိတ်ကြွဆေးပြား တသိန်းကျော်နှင့်အတူ တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့ (DKBA)မှ တပ်ဖွဲ့ဝင် (၄)ဦးနှင့် ထိုင်းမူးယစ်ဂိုဏ်းမှ (၆)ဦးတို့အား ထိုင်းအထူး မူးယစ်နှိမ်နင်းရေးအဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း ယမန်နေ့ထုတ် ဘန်ကောက်တူဒေး သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။

မေလ(၅)ရက်နေ့က ဘတ်ငွေတန်ဖိုး ကိုးသန်း ခုနှစ်သိန်း ငါးသောင်းဖိုး ၀ယ်ယူလိုကြောင်း ဆက်သွယ်ခဲ့ပြီး လာရောက်ပို့ဆောင်ရန် ချိန်းဆိုထားသည့် အယုဒယမြို့ရှိ Lotus ကုန်တိုက်တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ DKBA အဖွဲ့မှ မူးယစ် ဂိုဏ်းခေါင်းဆောင် နိုင်ထာနာဖ (၂၄)နှစ်၊ နိုင်ဖိထ (၄၀)နှစ်၊ ဖိုင်ဖုန်ထစ်အခက် (၃၀)နှစ်၊ နိုင်ယုန် စီလဖါ (၂၇)နှစ်တို့ (၄)ဦးအား ယာဘ(ခေါ်)စိတ်ကြွဆေးပြား အလုံးရေ ကိုးသောင်းနှင့်အတူ ဆေးပြားထုတ်လုပ်သည့် ဆေးမှုန် (၅)ကီလိုနှင့် ဟိုင်းလတ်ကား(၂)စီး၊ လက်ကိုင်ဖုန်း (၅)လုံးတို့ကို မူးယစ်အဖွဲ့က ဖမ်းဆည်းခဲ့သည်။

ထိုင်းမူးယစ်ဆေးဝါး နှိမ်နှင်းရေး အထူးတပ်ဖွဲ့ ဗိုလ်ချုပ်ကြီး တီထစ်ပန်ကျမာနုန်းက “မဲဆောက်ကနေ ထိုင်းနိုင်ငံအတွင်းကို ၀င်နေတဲ့ မူးယစ်ဆေးဝါးတွေကို အစစ်ဆေး မခံရအောင် နည်းအမျိုးမျိုးနဲ့ ပို့ဆောင် နေကြတာဖြစ်တယ်။ ကလေးတွေနဲ့ မိန်းကလေးတွေ သုံးစွဲမှုတွေ အထူးများပြားလာပါတယ်။ မူးယစ်ဆေးဝါးကို ထိုင်းလူမျိုးတွေ သုံးစွဲနေကြတာတွေဟာ အနာဂတ်အတွက် အထူးစိုးရိမ်စရာဖြစ်ပါတယ်။ မူးယစ်ဆေးဝါး ဂိုဏ်းတွေဟာ တော်တော်ကို ပိပိရိရိ လှုပ်ရှား တတ်ကြပါတယ်။ ကျနော်တို့လည်း ကြိုးစားပြီး ဖော်ထုတ်နေကြတာပဲ”ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် သုံးစွဲမှုနှုန်းတို့မှာ အထူးများပြားနေသည်။ မည်မျှပင် ဖမ်းဆီးမိသည်ဖြစ်စေ၊ မူးယစ်ဆေးဝါး ဂိုဏ်းများမှာ စဉ်ဆက်မပြတ် သယ်ယူနေဆဲဖြစ်သဖြင့် ထိုင်း လူ့အဖွဲ့အစည်းအတွက် အထူး စိုးရိမ်စရာဖြစ်ကြောင်း၊ ကလေးငယ်နှင့် မိန်းကလေးများမှာ မူးယစ်ဆေးဝါး လုပ်ငန်းအတွင်း ဓါးစာခံများဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သူများ ထောင်ကျပြီး ပြန်လည် လွတ်မြောက်လာခဲ့လျှင်လည်း အဆိုပါ မူးယစ်ဆေး သံသရာတွင် ပြန်လည် လှုပ်ရှားလေ့ရှိကြကြောင်း ဗိုလ်ချုပ်ကြီးက ဆက်ပြောသည်။

DKBA မူးယစ်ဂိုဏ်းအား ဖမ်းဆီးပြီးနောက် ထပ်မံ စစ်ဆေး ဖေါ်ထုတ်ချက်အရ ဘန်ကောက်မြို့ ဖက်ကဆင် လမ်းမကြီးတွင်ရှိသည့် တမောဘန်ခေ ကုန်တိုက်ကြီးအတွင်းရှိ သစ်သီးများ ရောင်းချသည့် ကုမ္ပဏီတစ်ခုမှ ဖြန့်ချိနေကြောင်း သိရှိခဲ့သည်။

အထူးထောက်လှမ်းရေးများက သစ်သီးကုမ္ပဏီအား အနီးကပ်စောင့်ကြည့် လေ့လာနေစဉ် မသင်္ကာဖွယ်ရာ လိမ္မော်သီး သေတ္တာ (၄)လုံးနှင့်အတူ လာဝယ်သူတို့အား ဖမ်းဆီးပြီး စစ်ဆေးရာ စိတ်ကြွးဆေးပြား သုံးသောင်း လေးထောင်နှင့် အဆိုပါ လိမ္မော်သီး သေတ္တာကို လာရောက် သယ်ဆောင်သည့် ဟိုင်းလတ်အမျိုးအစား ကား(၁)စီးနှင့် ဇိမ်ခံကားတစ်စီး၊ လက်ကိုင်ဖုန်း (၆)လုံးတို့ကို ဖမ်းဆည်းလိုက်သည်။

ဆက်လက် စစ်ဆေးချက်အရ ခေါင်ဟတ်ရပ်ကွက် လူကြီး ပါဝင်ပတ်သက်နေသဖြင့် ဖမ်းဆီးနိုင်ရန် အပူတပြင်း ဆောင်ရွက် နေကြကြောင်း ထိုင်းဘာသာဖြင့် ထုတ်ဝေသည့် ဘန်ကောက်တူဒေးသတင်းစာတွင် ရေးသားထားသည်။