နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 5 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

ထိုင်းနိုင်ငံမှ မလေးရှားနိုင်ငံ နယ်စပ်သို့ သွားမည့် မြန်မာလူမျိုး (၇၉)ဦး ဖမ်းဆီးခံရ PDF Print E-mail
Friday, 07 May 2010 17:29

for_meထိုင်းနိုင်ငံ မဟာချိုင်နယ်မြေမှ မလေးရှားနိုင်ငံနယ်စပ် ဆုံခလမ်မြို့သို့ သွားမည့် နှစ်ထပ်ကားပေါ်ရှိ မြန်မာအလုပ်သမား (၇၉)ဦးအား ချွန်ဖွန်စစ်ဆေးရေး ရဲဂိတ်၌ ယနေ့ နံနက် (၀၀း၁၅)နာရီက ဖမ်းဆီးလိုက်ကြောင်း  ထိုင်းနိုင်ငံထုတ် ထိုင်းရပ်သတင်းတွင် ဖော်ပြထားသည်။

ထိုင်းလူကြီးဟောင်းတစ်ဦး၏ နာမည်ရေးထိုးထားသည့် အပြာရောင် နှစ်ထပ်ကားအမှတ် (၃၂၅၀)တွင် မြန်မာအလုပ်သမား (၁၀၀) အား မဟာချိုင်မှ တင်ဆောင် လာမည်ဟု ကြိုတင်သတင်းရရှိခဲ့သည်။ ထို့ကြောင့် ချွန်ဖွန်မြို့နယ် ရဲစခန်းမှူး ချလာဖုန်နာက ချွန်ဖွန်မြို့နယ်၊ ၀န်ဖိုင်ရွာ၊ နယ်မြေ အမှတ် (၉) ရဲဂိတ်တွင် ရပ်နားစစ်ဆေးခဲ့ရာ ကမ္ဘောဒီယား(၁)ဦး၊  မြန်မာအမျိုးသား (၅၉)ဦးနှင့် အမျိုးသမီး(၂၀)ဦးတို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ရဲမှူးက “ကားဒရိုင်ဘာ နှစ်ယောက်နဲ့ စပါယ်ယာတစ်ယောက်ကို လူကုန်ကူမှုနဲ့ အရေးယူမှာဖြစ်သလို ကားပေါ်မှာ ဖမ်းမိတဲ့ လူတွေကိုလည်း တရားမ၀င် နိုင်ငံအတွင်း ခိုးဝင်မှုနဲ့ တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

မြန်မာအလုပ်သမားများအား စစ်ဆေးခဲ့ရာ အများစုမှာ မဟာချိုင်မှ ဆုံခလမ်သို့ သွားရောက် အလုပ် လုပ်ကိုင်ကြမည် ဖြစ်ပြီး တချို့မှာ မလေးရှားနိုင်ငံသို့ သွားရောက်ကြမည် ဖြစ်ကြောင်း ထွက်ဆိုကြသည်။

မြန်မာအလုပ်သမား တစ်ဦးလျှင် ဘတ်ငွေ (၁၅၀၀)နှုန်းဖြင့် ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ကားမောင်းသူများက ထွက်ဆိုကြသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဘုရားသုံးဆူနယ်စပ်မှ ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်လာကြသည့်  မြန်မာအလုပ်သမား တစ်ရာကျော်အား ဖမ်းဆီးရမိခဲ့သလို ရနောင်းနယ်စပ်မှ ၀င်ရောက်လာသည့် မြန်မာများကိုလည်း လှေပေါ်တွင် ဖမ်ဆီးခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖေါ်ပြခဲ့ကြသည်။

မြန်မာနိုင်ငံတွင် စားဝတ်နေရေး ခက်ခဲ့မှုများကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံအတွင်းသို့ ရရာလမ်ကြောင်းများမှ ဖြစ်သလို ၀င်ရောက်နေကြဦးမည်ဖြစ်ကြောင်း လေ့လာသူများက သုံးသတ်ကြသည်။