|
Who's Online
We have 11 guests online
Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။
|
|
အရှိန်ပြင်းစွာ မောင်းနှင်သည့်ကား မှောက်သောကြောင့် မြန်မာအလုပ်သမားများ ဒဏ်ရာပြင်းထန်စွာရ |
|
|
|
|
Wednesday, 10 March 2010 16:52 |
|
အရှိန်ပြင်းထန်စွာ မောင်းနှင်လားသော ကားတစီး တိမ်းမှောက်သဖြင့် မြန်မာအလုပ်သမားများ ဒဏ်ရာပြင်းထန်စွာ ရရှိပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ဆေးရုံများတွင် ဆေးဝါးကုသ ခံနေရကြောင်း ထိုင်းနိုင်ငံထုတ် ထိုင်းရပ်သတင်းစာအရ သိရသည်။
အဆိုပါကားသည် ယမန်နေ့ နေ့လည်ပိုင်းက မြန်မာအလုပ်သမားများနှင့် ပန်းရံလုပ်ငန်းခွင်များတွင် အသုံးပြုသည့် သံနန်းချောင်းများ တင်ဆောင်ကာ ချင်းမိုင်မြို့နယ် ခေါင်တန်နှင့် မဲအိုင် အဝေးလမ်းမကြီး အတိုင်း အရှိန်ဖြင့် မောင်းနှင်လာစဉ် နယ်မြေအမှတ် (၃)ရှိ စံကန်ဖေမြို့ ၀ခိုင်းရွာ အနီး၌ လမ်းမပေါ်တွင် ဘေးတိုက် အနေအထားဖြင့် တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။ ကားအမျိုးအစားမှာ အီစူဇူးဖြစ်ပြီး ကားအမှတ် (၈၂/ ၅၂၄၁) ဖြစ်ကြောင်း သိရသည်။
ကားတိမ်းမှောက်မှုကြောင့် မြန်မာအလုပ်သမား (၅)ဦးမှာ ဒဏ်ရာပြင်းထန်းစွာ ရရှိပြီး အတွင်းလူနာအဖြစ် ဆေးကုသမှု ခံနေရကာ (၁၅)ဦးမှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြသည်။
ဒဏ်ရာ ပြင်ထန်သူများအား အတွင်းလူနာအဖြစ် ချင်းမိုင်မြို့၊ နပ်ခေါဖိန် ဆေးရုံတွင် (၂)ဦးနှင့် မဟာလနပ်ခေါ ဆေးရုံတွင်(၃)ဦး ဆေးဝါးကုသမှု ခံယူနေရသည်။ ဒဏ်ရာအနည်းငယ် ရရှိကြသော မြန်မာအလုပ်သမား (၁၅)ဦးကိုမူ စံကန်ဖေ ဆေးရုံတွင် ကူသမှု ခံယူနေကြောင်း ထိုင်းရပ် သတင်းစာတွင် ဖေါ်ပြထားသည်။
အမှုစစ်ရဲအရာရှိ မူဆီကာရှိန်က ကားအရှိန်ပြင်၍ မှောက်ခြင်းလား သို့မဟုတ် အခြားအကြောင်းများကြောင့် မှောက်ခြင်းလား ဆိုသည်ကို သေခြာစွာ စစ်ဆေးပြီး အရေးယူသွားမည်ဖြစ်ကြောင်း အဆိုပါ သတင်းစာတွင် ဖေါ်ပြထားသည်။
ထိခိုက်ဒဏ်ရာရ သူများမှာ မြန်မာနိုင်ငံမှ ရှမ်းတိုင်းရင်းသားများ ဖြစ်ကြောင်းသိရသည်။
|
|