နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 5 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

ထိုင်းနိုင်ငံတောင်ပိုင်းမှ နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနား PDF Print E-mail
Tuesday, 09 March 2010 13:35

 

 

မတ်လ()ရက် နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ကြီးမှူးကာ ဖန်ငခရိုင်၊ ဘန်နီးယန်းကျေးရွာရှိ ထိုင်းအစိုးရ စာသင်ကျောင်းတွင် ယမန်နေ့က ပဉ္စမအကြိမ်မြောက် ကျင်းပခဲ့သည်။

အစီအစဉ်အရ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ လက်ထောက်ဒါရိုက်တာ ဒေါ်ခိုင်သီတာအောင်က အဖွင့်အမှာစကား ပြောကြားပြီး အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

ပြီးနောက် နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းနှင့် သာတူညီမျှ တိုးတက်ရေးကို သူမကပင် ရှင်းလင်း ဟောပြောသွားခဲ့သည်။

ဆက်လက်၍ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်မှ အမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိရေးနှင့်နှင့် ယနေ့ နိုင်ငံတကာတွင် အမျိုးသမီးများ၏ လုပ်အားမပါပဲ လုပ်ငန်းတွေ မပြီးနိုင်ကြောင်း၊ အမျိုးသမီးများ၏ အခန်းကဏ္ဍသည် အရေးကြ်ီးကြောင်း ရှင်းလင်း ပြောကြားသွားခဲ့သည်။

အခမ်းအနားတွင် ရွှေ့ပြောင်းမြန်မာကလေးများ၏ အကပဒေသာ၊ သီချင်း၊ သံချပ်၊ ကျဘန်းစကားပြောပြိုင်ပွဲများ၊ ဂိမ်းကစားခြင်းများ ပါဝင်ကြောင်းသိရသည်။

အခမ်းအနားသို့ ရွှေ့ပြောင်းမြန်မာ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ရုံးဝန်ထမ်းများ၊ အခြား NGOs ၀န်ထမ်းများ စုစုပေါင်း(၉၀)ကျော် တက်ရောက်ခဲ့ပြီး၊ ကြွရောက်လာသော ဧည့်သည်များအား ကြာဇံချက်ဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

အခမ်းအနားကို ညနေ(၃း၀၀)နာရီတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။