နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 22 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

ထိုင်းရဲများ လိုက်ဖမ်းသဖြင့် ပန်းရံအလုပ်သမား အမျိုးသမီးနှစ်ဦး ရေနစ်သေဆုံး PDF Print E-mail
Tuesday, 09 March 2010 11:37

 

ထိုင်းနိုင်ငံတောင်ပိုင်၊ ဖူးခက်ကျွန်း၊ ပါသောင်ကမ်းခြေရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ဒေသခံ ထိုင်းရဲများ ၀င်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ ထွက်ပြေးခဲ့သည့် ညီအစ်မနှစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေ (၅)နာရီခန့်က ပန်းရံဆိုဒ်အတွင်းရှိ အလုပ်သမားနေအိမ်များသို့ ထိုင်းရဲများ ၀င်ရောက်လာသဖြင့် အသက် (၁၂)နှစ်အရွယ် ကလေးအလုပ်သမား မမြင့်မြင့်စမ်းမှာ ခြေဦးတည့်ရာ ထွက်ပြေးရင်း ပါသောင်ချောင်းအတွင်း ရေနစ်နေခဲ့သည်။ အမဖြစ်သူ မညိုညိုစမ်း အသက်(၂၀)နှစ်က မြင်တွေ့ပြီး စိုးရိမ်စိတ်ဖြင့် ရေမကူးတတ်ဘဲ ဆင်းဆယ်ရာမှ ညီမနှစ်ဦးစလုံး ရေနစ်ပြီး သေဆုံးခဲ့ရခြင်းဖြစ်သည်။

သေဆုံးသူများမှာ မြန်မာနိုင်ငံ၊ တနင်္လာရီတိုင်း၊ လောင်လုံမြို့ နယ်မှ ဦးမြင့်သိန်းနှင့် ဒေါ်မတင်ဝေတို့၏ သမီးငယ်များ ဖြစ်ကြပြီး မိသားစုများနှင့်အတူ နေထိုင်ပြီး အလုပ် လုပ်ကိုင်နေကြသူများ ဖြစ်သည်။

အစ်ကိုကြီးဖြစ်သူ ကိုနောင်နောင်က “ကျနော်တို့မှာ မောင်နှမငါး ယောက်ရှိပါတယ်။ ကျနော့် ညီမလေးတွေ အခုလို မသေသင့်ပဲ သေဆုံးရတာ ထိုင်းပုလိပ်တွေကြောင့် သေရတာပါ။ ကျနော့်ညီမအငယ် မြင့်မြင့်စမ်း ရေနစ်နေတာကို ညီမအကြီးမ ညိုညိုစမ်းက အန္တရာယ် မမြင်နိုင်ဘူးလေ။ ကိုယ့်ညီမဆိုတော့ ဆင်းပြီးတော့ ဆွဲတယ်။ နှစ်ယောက်စလုံး ရေမကူးတတ်တော့ မသေသင့်ပဲ သေဆုံးကြရတယ်။ ကျနော်တို့ ဘယ်ကျေနပ်မလဲ၊ ဒါပေမယ့် သူတစ်ပါး တိုင်းပြည်မှာ ကျွန်လာခံနေရတော့ ဘာမှမတတ်နိုင်ဘူး” ဟုပြောသည်။

မျက်မြင်တစ်ဦးဖြစ်သူ ကိုခိုင်သန်းက “လူနေတဲ့ တန်းလျားကို လာပြီးအလုပ်သမားတွေကို ၀င်ဖမ်းတယ်။ ပုလိပ် (၉) ယောက်လောက် ရှိပါတယ်။ ကားက (၂)စီးပါ။ လူ (၁၅)ယောက်လောက် ဖမ်းယူသွားပါတယ်။ မနက်ကတော့ ငွေပေးပြီး ရွေးလာကြလို့ ပြန်ရောက်နေကြပါပြီ၊ စီမံချက်နဲ့ ဖမ်းတယ်ထင်ပါတယ်” ဟုပြောသည်။

ညီအမနှစ်ဦးမှာ မသေသင့်ဘဲ သေရခြင်းဖြစ်ပြီး ဆင်းဆယ်မည့်သူများကို ရဲများမှ တားဆီးထားသည်ဟုလည်း ကိုခိုင်သန်းက ဆက်ပြောပြသည်။

အဆိုပါ အလောင်းများကို ယနေ့မွန်းလွဲပိုင်းတွင် ပါသောင်ရှိ ပထိုးမြို့ ဘုန်းတော်ကြီးကျောင်းတွင် မီးသဂြိုဟ် ခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းရံဆိုဒ်တွင် မြန်မာအလုပ် ပေါင်း (၃၅၀)ကျော်ရှိပြီး ထက်ဝက်ကျော်ခန့်မှာ နေထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် လုပ်ထားကြသော်လည်း ရဲများနှင့် ရင်မဆိုင်လိုသဖြင့် အားလုံးလိုလို ထွက်ပြေးကြကြောင်း အလုပ်သမားများက ပြောကြသည်။