နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 5 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

ပအိုဝ်းအမျိုးသားနေ့နှင့် ယဉ်ကျေးမှု ဓာတ်ပုံပြပွဲ အခမ်းအနားကျင်းပ PDF Print E-mail

 

 

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်၊ ခိခက်ကျေးရွာ Sam Song Community Center ၌ ဖေဖော်ဝါရီလ (၂၇) ရက် (တပေါင်းလပြည့်)နေ့တွင် ပအိုဝ်းအမျိုးသားနေ့နှင့်ရိုးရာဓာတ်ပုံပြပွဲ အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပခဲ့ကြောင်း သိရသည်။ အစီအစဉ်အရ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ လက်ထောက်ဒါရိုက်တာ ဒေါ်ခိုင်သီတာအောင်က အဖွင့် အမှာစကား ပြောကြားပြီး တပေါင်းလပြည့် ပအိုဝ်းအမျိုးသားနေ့ကို ဖွင့်လှစ်ပေးခဲ့သည်။

ဖန်ငခရိုင် ပအိုဝ်းအမျိုးသားနေ့ ဖြစ်မြောက်ရေးကော်မတီမှ ခွန်သောမတ်(စ်)(ပအိုဝ်းမက်ဂသိဉ်း)က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး ၄င်းကပင် ပအိုဝ်းအမျိုးသား သမိုင်းကြောင်းနှင့် အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကို ရှင်းလင်း ဟောပြော သွားသည်။

ဆက်လက်ပြီး အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ခွန်သောမတ်(စ်)က “ပအိုဝ်းလူမျိုးတွေ အနေနဲ့ မိမိတို့၏ ယဉ်ကျေးမှုကို ထိန်းသိမ်းရေး၊ စာပေနှင့် စကား မပပျောက်ရေးနဲ့ အမျိုးဂုဏ် ဇာတိဂုဏ် ထက်မြက် ရှင်သန်ရေးဆိုတဲ့ အရေးသုံးပါးကို အလေးထားပြီး ကျင်းပခဲ့တာဖြစ်တယ်”ဟု ပြောကြားသွားခဲ့သည်။

ဆာထစ်ကိုစစ် နာခပါရာထိစ် ဖောင်ဒေးရှင်းမှ ကိုဝိစ်ကလည်း ပအိုဝ်းရိုးရာဓာတ် ပုံပြပွဲအတွက် ပူးပေါင်း ဆောင်ရွက်ခွင့်ရ၍ ၀မ်းသာ ဂုဏ်ယူမိကြောင်းနှင့် နောက်ထပ် ဘန်ကောက်တွင် ပအိုဝ်းရိုးရာ ဓာတ်ပုံပွဲကို စီစဉ်ချင်ကြောင်း” ပြောကြားသွားသည်။

အခမ်းအနားတွင် သံဃာတော်(၅)ပါးကို နေ့လည်ဆွမ်း ဆက်ကပ်လှူဒါန်းပြီး မေတ္တာသုတ် ပရိတ်တရားများ နာယူခဲ့ကြသည်။ ကြွရောက်လာသော ဧည့်သည်များအား ပအိုဝ်းရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံသည့်အပြင် ထိုင်း၊ မြန်မာသီချင်းများဖြင့်လည်း ဖျော်ဖြေခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ထိုင်း-မြန်မာ ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း(၉၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငနှင့် ဖူးခက်ခရိုင်တွင် ပအိုဝ်းရွှေ့ ပြောင်းအလုပ်သမား စုစုပေါင်း(၅၀၀)ကျော်ခန့်ရှိကြောင်း ခန့်မှန်းထားကြသည်။

တပေါင်းလပြည့်နေ့ ရောက်တိုင်း အမေရိကန်၊ စင်္ကာပူ ၊မလေးရှား၊ အင်္ဂလန်၊ တောင်ကိုရီးယား၊ ထိုင်း စသည့် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ နေရာအရပ်ရပ်တွင် ရောက်ရှိနေထိုင်ကြသည့် ပအိုဝ်းအမျိုးသား အချင်းချင်း စုပေါင်းကြပြီး ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားများကို ကျင်းပကြောင်း သိရသည်။