နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 5 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

မြန်မာအလုပ်သမား သုံးဆယ်ကျော် တင်ဆောင်လာသည့် ကားများ ဖမ်းဆီးခံရ PDF Print E-mail
Tuesday, 02 March 2010 12:24

မြန်မာအလုပ်သမား သုံးဆယ်ကျော်ကို တင်ဆောင်လာသည့် မော်တော်ယာဉ်နှစ်စီးနှင့် ယာဉ်မောင်းသူများအား ထိုင်းနိုင်ငံ၊ စစ်ဆေးရေးဂိတ်မှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ကြောင်း ထိုင်းရပ် သတင်းစာအရ သိရသည်။

အဆိုပါ မော်တော်ယာဉ်နှစ်စီးမှာ ဟိုင်းလတ်အမျိုးအစားဖြစ်ပြီး ဖေဖော်ဝါရီလ (၂၈)ရက်နေ့၊ နေလည်ပိုင်းက ထိုင်း- မြန်မာနယ်စပ်မြို့ဖြစ်သည့် ရနောင်းမြို့မှ ချွန်ဖွန်မြို့သို့ ဘန့်ဟတ်စုပန့် အဝေးပြေး လမ်းမအတိုင်း မောင်းနှင်လာစဉ် ဂိတ်အမှတ်၂၅၂၁ မှ တာဝန်ကျ စစ်တပ်က စစ်ဆေးပြီး ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ဟိုင်းလတ်ကားအမှတ် ၆၅၃၃တွင် မြန်မာ အလုပ်သမား (၂၀)ဦးနှင့် ကားအမှတ် ၁၆၀၇ တွင် (၁၁)ဦး စုစုပေါင်း (၃၁)ဦး ဖမ်းဆီးခံခဲ့ရသည်။

အသက်၄၀ အရွယ်ရှိ ကားမောင်သူ နိုင်စုန်ဆပ်ကလီယာက ထိုသို့ ပို့ဆောင်ပေးခဲ့သည်မှာ သုံးခေါက်ရှိပြီးဖြစ်ကြောင်းနှင့် ပို့ဆောင်ခအဖြစ် တစ်ဦးကို ဘတ်ငွေ ၃၀၀၀ ယူကြောင်း ထွက်ဆိုသွားခဲ့သည်။

အဆိုပါ ကောင်းမောင်းသူများအား လူကုန်ကူမှုဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းရပ် သတင်းစာတွင် ဖေါ်ပြထားသည်။