နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 11 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

မီးမပါသော ဆိုင်ကယ်စီးလာသည့် မြန်မာ မိသားစုလေးဦး ကားတိုက်မိ၍ ပွဲချင်းပြီး သေဆုံး PDF Print E-mail
Monday, 22 February 2010 09:19

ယခုလ (၂၀)ရက်နေ့ ည (၁၀)နာရီ အချိန်ခန့်က မီးမဖွင့်ပဲ မောင်းနှင်လာသည့် ဆိုင်ကယ်တစီးအား ကားတိုက်မိသဖြင့် မြန်မာမိသားစု (၄)ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ထိုင်းရပ် သတင်းစာအရ သိရသည်။

ထိုင်းနိုင်ငံ အနောက်ဖက် ကန်ချနဘူရီခရိုင်၊ လယဖန်းဆောင်ယမ်း အဝေးပြေးလမ်းမကြီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဆိုင်ကယ်တစီးတည်းကို အဆိုပါ မိသားစု (၄)ဦးမှ အတူစီးလာစဉ် တိုက်မိခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူများမှာ ဦးသန်းဖေ အသက် (၄၀)နှစ်၊ ဇနီး ဒေါ်နန်းမိုး အသက် (၄၁)နှစ်နှင့် အသက် (၂၀)ခန့်ရှိ သားတစ်ယောက်နှင့် အသက် (၁၀)နှစ်အောက် သားတယောက်တို့ ဖြစ်ကြောင်း သိရသည်။

အမိုးဖွင့် ဟိုင်းလတ်ကား (အမှတ် ၈၂၇၉) ဖြင့် တိုက်မိခဲ့ခြင်းဖြစ်ပြီး ကားမောင်းသူမှာ အသက် (၄၂)နှစ်အရွယ် ထိုင်းလူမျိုး နိုင်စိုင်ယု ဖြစ်သည်။ ကားမောင်းသူမှာ ထွက်ပြေးတိန်းရှောင်ခြင်း မရှိပဲ ဖြစ်စဉ်များကို ရှင်းပြလိုသဖြင့် စောင့်နေခဲ့သည်ဟု ဆိုသည်။ ကားမောင်းသူက ဆိုင်ကယ်တွင် မီးမဖွင့်ထားသဖြင့် မမြင်ရသောကြောင့် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုသည်။

အလောင်းများမှာ ငါးပေခန့် အကွာအဝေးများတွင် တွေ့ရှိရပြီး အလွန်ပြင်းထန်သော ကားတိုက်မှု ဖြစ်ကြောင်း နယ်မြေခံ ရဲအရာရှိက ပြောသည်။

အဆိုပါအလောင်းများကို စူလပ်စီ ဆေးရုံကြီးတွင် ထားရှိကြောင်း ထိုင်းရပ်သတင်းစာတွင် ဖေါ်ပြထားသည်။