|
Who's Online
We have 11 guests online
Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။
|
|
ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့ယောင်ကျွန်းရှိ မြန်မာအလုပ်သမားများနှင့် ယာယီပတ်စ်ပို့ လုပ်ငန်းစဉ်အား ဆွေးနွေး |
|
|
|
|
Friday, 19 February 2010 11:42 |
|
ရွှေ့ပြောင်း မြန်မာ အလုပ်သမားများ၏ ယာယီ နိုင်ငံကူးလက်မှတ် လုပ်ဆောင်ခြင်း လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး မှန်ကန်သော သတင်း အချက်အလက်များ ရရှိစေရန်အတွက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)မှ ၀န်ထမ်းများသည် ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငပြည်နယ်၊ ကော့ယောင်ကျွန်း(အငယ်)ရှိ မြန်မာအလုပ်သမားများနှင့် သွားရောက်တွေ့ဆုံကာ ဆွေးနွေးအကြံပေးခြင်းများ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲသို့ ကျွန်းပေါ်ရှိ အန်ပေါင်ရွာနှင့် ထာတင်ရွာမှ ရွာသူရွာသား (၅၀)ခန့် တက်ရောက်ခဲ့သည်။ ထိုကျွန်းပေါ်တွင် မြန်မာအလုပ်သမား (၅၀၀)ခန့် နေထိုင်ကြောင်း သိရသည်။ တက်ရောက်လာသူ တစ်ဦးက ယခုလို ပညာပေး ဆွေးနွေးရေး အစီအစဉ်များ ယခင်က မရှိသောကြောင့်၊ ယာယီ နိုင်ငံကူးလက်မှတ် လုပ်ရာ၌ မည်သို့လုပ်ရမည်၊ မည်မျှကုန်ကျမည်ကို မသိကြောင်း၊ ပွဲစားတောင်းသလောက်ကို ပေးနေရကြောင်းနှင့် ပွဲစားမှလွဲ၍ အခြားရွေးခြယ်စရာ နည်းလမ်း မရှိသောအခြေ အနေတွင် ကြုံတွေ့နေရကြောင်း ပြောပြသည်။
ယာယီနိုင်ငံကူး လက်မှတ်နှင့် ပတ်သက်သော အကြောင်းအရာများအား ဆွေးနွေးခဲ့ပြီးနောက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ထိုင်းနိုင်ငံအတွင်း အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များတွင် ထုတ်လွှင့်နေသည့် မြန်မာဘာသာ ရေဒီယို အစီအစဉ်များကိုလည်း အလုပ်သမားများ သိရှိစေရန် မိတ်ဆက်ပြောကြားခဲ့သည်။
ပြီးနောက် မြန်မာအလုပ်သမား (၃၀၀)ကျော်ခန့် နေထိုင်သည့် ကော့ယောင်ကျွန်းအကြီးသို့ သွားရောက်ကာ အလုပ်သမား (၃၀)ကျော်နှင့် ဆွေးနွေးပွဲကို ထပ်မံ၍ ပြုလုပ်ခဲ့သည်။
ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ခွန်သောမတ်စ်က “အလုပ်သမားတွေ မှန်ကန်တဲ့ သတင်း အချက်အလက်တွေ ရပြီးတော့ သူတို့ ဝမ်းသာနေကြတာကို တွေ့ရလို့ ပိုပြီး ဝမ်းသာပါတယ်။ ဒါကတော့ သူတို့အတွက် အခွင့်အရေး ပိုမိုရရှိမှာ ဖြစ်တယ်”ဟု သူ၏ ဝမ်းသာပီတိဖြစ်မှုကို ပြောပြသည်။
ဖန်ငပြည်နယ်မြို့တော်မှ စက်လှေဖြင့် ၂ နာရီခွဲကြာ သွားရောက်ရသော အကွာအဝေးတွင်ရှိသည့် ကော့ယောင်ကျွန်းသည် မည်သည့် NGO အဖွဲ့အစည်းများမှ လာရောက် ပညာပေး ဆွေးနွေးမှုများ မရှိသေးပဲ ပြည်မနှင့် အလှမ်းကွာဝေးသော နေရာတစ်ခု ဖြစ်သည်။ ထိုကျွန်းတွင် မွန်လူမျိုးနှင့် မြန်မာလူမျိုး အများဆုံးနေထိုင်ကြပြီး ရာဘာခြံ၊ ပန်းရံနှင့် ငါးဖမ်းခြင်း လုပ်ငန်းများကို လုပ်ကိုင်ကြကြောင်း သိရသည်။
|
|