နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 6 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

သဘာဝ ဘေးအန္တရာယ် ကာကွယ်တားဆီးရေးဆိုင်ရာ ဆွေးနွေးပွဲ ထိုင်းနိုင်ငံ တောင်ပိုင်း၌ ကျင်းပ PDF Print E-mail
Thursday, 18 February 2010 08:42

rsz_dsc05429-300x225

ဒုတိယအကြိမ် ဖြစ်ပေါ်လာနိုင်သော ဆူနာမီရေလှိုင်း ဘေးအန္တာရာယ်အတွင်း ဆောင်ရန်နှင့် ရှောင်ကျဉ်ရန် အချက်များကို အဓိကထား ဆွေးနွေးခဲ့သည့် “သဘာဝဘေးအန္တရာယ် ကာကွယ်တား ဆီးရေးဆိုင်ရာ ဆွေးနွေးပွဲ” ကို ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကောပါမြို့နယ် ဘန်နီယန်ကျေးရွာရှိ Sam Sung community center တွင် ၁၄.၂.၁၀ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

ထိုင်းလူမျိုး လူမှုကယ်ဆယ်ရေး အဖွဲ့ ကိုယ်စားလှယ် (၄)ဦးနှင့် သသာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့ကိုယ်စားလှယ် တစ်ဦးတို့မှ ဦးဆောင်ဆွေးနွေးသည့် ပွဲသို့ ဆူနာမီရေလှိုင်း အန္တရာယ်ဖြစ်နိုင်သော ပင်လယ်ကမ်းခြေ တလျှောက် နေရာဒေသများမှ ရွှေ့ ပြောင်းမြန်မာ အလုပ်သမားများနှင့် ထိုင်းလူမျိုးများ စုစုပေါင်း (၆၀)ခန့်တက် ရောက်ခဲ့သည်။ ဆွေးနွေးအား ဦးဆောင်ပြုလုပ်ခဲ့သော ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖန်ငဒေသ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင် (FED)မှ လူထု ပညာပေးရေး ဌာနမှူး ဦးကျော်လင်းဦးက “ကျွန်တော်တို့ ဒီဆွေးနွေးပွဲ လုပ်ရခြင်းရဲ့ ရည်ရွယ်ချက် ကတော့ ကမ္ဘာပေါ်မှာ သဘာဝဘေးအန္တရာယ် အမျိုးမျိုးကျရောက်နေတယ်လေ။ ပြီးခဲ့တဲ့ အပတ်ကလည်း ဟေတီမှာ ငလျင်လှုပ်တယ်။ မကြာခင်မှာပဲ ကျွန်တော်တို့ ဒေသမှာ ဆူနာမီလာတော့မယ်လို့ ခန့်မှန်း ထားတယ်။ ပထမအခေါက်တုန်းကလို အသေအပျောက်နဲ့ ပျက်စီးဆုံးရှုံးတာတွေ နည်းပါးအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆွေးနွေးပွဲကို ကြိုတင်ပြီး ပြုလုပ်ရတာပါ” ဟု ပြောကြားခဲ့သည်။ ထိုင်းလူမှု ကယ်ဆယ်ရေးအဖွဲ့ နန့်မခင်းကျေးရွာတာဝန်ခံ နိုင်ဝမ်ချိုင်း ကလည်း “ဒီနေ့ ဒါမျိုး ဆွေးနွေးပွဲ လုပ်တာ တအား ကောင်းပါတယ်။ နွေးထွေးမှုကိုလည်း ရစေပါတယ်။ ထိုင်းမြန်မာ မခွဲခြားပဲ သဘာဝ ဘေးအန္တရာယ်အတွက် ကြိုတင် ကာကွယ် ဆွေးနွေးမှုလုပ်တာဟာ တကယ်တမ်း အခက်အခဲ ကြုံလာတဲ့အခါ ရင်းနှီးမှု၊ ယုံကြည်မှုကိုလည်း ရစေပါတယ်” ဟု ပြောကြားခဲ့သည်။ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဆူနာမီ ငလျင်လှိုင်းကြောင့် ထိုင်းနိုင်ငံ တောင်ပိုင်း ကမ်းခြေ ဒေသများရှိရာ ခရိုင်ခြောက်ခု၌ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အပါအ၀င် သေဆုံးခဲ့ရသူ (၅၃၉၅)ဦး၊ ထိခိုက် ဒဏ်ရာရသူ (၈၄၅၇) ဦးနှင့် ပျောက်ဆုံးသူ (၁၇၆၂) ဦး ရှိခဲ့ကြောင်း သိရသည်။