နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 7 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

မိခင်အရင်းမှ ရက်သားအရွယ် ကလေးငယ်ကို လူကုန်ကူးသူထံ ရောင်းချ PDF Print E-mail
Monday, 24 August 2009 08:24
 

မိခင်ဖြစ်သူမှ ရက်သားအရွယ် သမီးငယ်အား လူကုန်ကူးသူ တစ်ဦးထံသို့ ရောင်းချခဲ့ကြောင်း ယခုလ(၂၂)နှင့် (၂၃)ရက်နေ့ ထိုင်းနိုင်ငံထုတ် သတင်းများအရ သိရသည်။

မြန်မာ ပတ်စ်ပို့ ကိုင်ဆောင်ထားသည့် မြန်မာအမျိုးသမီး နန်းလောင်ကန်သည် မလေးရှားနိုင်ငံ နယ်စပ်ဖြစ်သည့် ထိုင်းနိုင်ငံ တောင်ဘက်စွန်း ဆုန်ခလာခရိုင်၊ ဟတ်ရိုင်ဆေးရုံတွင် ယခုလ (၉)ရက်နေ့က သမီးမိန်းကလေးကို မွေးဖွားပြီးနောက် ငွေကြေးအခက်အခဲကြောင့် လူကုန်ကူးသူ ထိုင်းအမျိုးသမီး နန်းလစ်မွန်ထံသို့ ဘတ်ငွေ (၅၀၀၀၀)ဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။

နန်းလောင်ကန်သည် ကိုယ်ဝန် (၇)လရှိစဉ်က စားဝတ်နေရေး အခက်အခဲများကြောင့် အသက်(၃၇)နှစ်အရွယ် နန်းလစ်မွန်ထံမှ ဘတ်ငွေ (၃၇ဝဝဝ)ချေးငှါး သုံးစွဲခဲ့ရသည့်အပြင် မွေးဖွားစရိတ် ဘတ်ငွေ(၁ဝ၄ဝဝ)ကိုပါ ထပ်မံချေးငှားခဲ့ရသဖြင့် စုစုပေါင်း အကြွေး (၄၇၄ဝဝ)တင်နေသည်ဟု ဆိုသည်။ ထို့အပြင် စားဝတ်နေရေးအတွက်ပါ အခက်အခဲများရှိနေသဖြင့် ဘတ်ငွေ (၅ဝဝဝဝ)ဖြင့် ရောင်းချရန် သဘောတူခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုသည်။

ကလေးမိခင် နန်းလောင်ကန်က ကလေးငယ်အား  လူကုန်ကူသူ နန်းလစ်မွန်ထံသို့ ပို့ဆောင်ခဲ့ပြီး ပြန်လာစဉ် ဆုန်ခလာခရိုင် ကန်ဖေဖစ်မြို့ ဟိုဖင်ဟိုတယ် ရှေ့အရောက်တွင် အမျိုးသမီးနှင့် ကလေးငယ်များ ကူညီကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခဲ့ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

ထို့အတူ လူကုန်ကူးသူ နန်းလစ်မွန်သည်လည်း ကလေးငယ်ကို မလေးရှားနိုင်ငံမှ လူကုန်ကူးသည့် အမျိုးသမီးတစ်ဦးထံသို့ ဘတ်ငွေ (၈ဝဝဝဝ)ဖြင့် ရောင်းချရန် ပြင်ဆင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဆုန်ခလာခရိုင် ကန်ဖေဖစ်မြို့ (၁၄/၃၇)တွင် နေထိုင်သည့် နန်းလစ်မွန်သည် မလေးရှားနိုင်ငံသို့ ကလေးငယ်များအား မကြာခဏ သွားရောက် ရောင်းချလေ့ရှိသော်လည်း သူမအား ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ မကြာသေးမီက ယောက်ျားကလေးငယ် တစ်ဦးအား သွားရောက် ရောင်းချစဉ် လက်ပူးလက်ကြပ် မမိခဲ့သဖြင့် ထိုင်းအာဏာပိုင်များမှ သတိထား စောင့်ကြည့်နေခဲ့ကြသည်ဟု ဆိုသည်။

 

မိမိ၏ ရက်သားအရွယ် ရင်သွေးအား ရောင်းစားသည့် နန်းလောင်ကန်နှင့် လူကုန်ကူးသည့် ထိုင်းအမျိုးသမီး နန်းလစ်မွန်တို့၏ သတင်းကို ထိုင်းနိုင်ငံထုတ် သတင်းစာများအပြင် ထိုင်းရုပ်မြင်သံကြားလိုင်းများမှ သြဂုတ်(၂၂)ရက်နေ့နှင့် (၂၃)ရက်နေ့များတွင် နှစ်ရက်တိုင်တိုင် မကြာခဏ ထုတ်လွှင့်ပြသနေခဲ့သည်။